လွှတ်တော်တွင် လောင်းကစားကိစ္စကို တင်သွင်းခဲ့သော အမတ်သည် အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ သဲကုန်းမြို့နယ်အမတ် ဦးဇော်နိုင်ဦးသည် လောင်းကစားကိစ္စနှင့် ပတ်သက်၍ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သဖြင့် ဓားရှည် ကိုင် လောင်းကစားသမားတစ်စု ၏ လိုက်လံရှာဖွေခြင်းခံခဲ့ရခြင်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး သဲကုန်း မြို့နယ် ပုတီးကုန်းမြို့တွင် နို၀င် ဘာ ၅ ရက် ညနေက ဓားရှည် ကိုင်သူလေးဦးအပါအဝင် လောင်းကစားသမားများ ပါရှိသော အမျိုး သား ၁၅ ဦးခန့်က အသက်အန္တ ရာယ်ကို ခြိမ်းခြောက်ခဲ့ကြောင်း အမှတ်(၁) တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးက ပြောသည်။

၎င်းကိုရှာဖွေပေးရန် ပုတီး ကုန်းမြို့ ဘောလုံးအားကစားကွင်း အတွင်းရှိ ဒီချုပ်ပါတီဝင်များထံ တောင်းဆိုခဲ့ကြောင်း ဦးဇော်နိုင် ဦးကပြောသည်။‘‘ကျွန်တော့်ရှေ့မှာလာပြီး တိုက်ရိုက် ရမ်းကားတာတော့ မဟုတ်ဘူး။ ဒီချုပ်ပါတီဝင်တွေ ရှေ့မှာ ကျွန်တော့်ကိုရှာပေးဖို့၊ ကျွန်တော်တို့တိုင်လို့ သူတို့လောင်းကစားကိစ္စတွေ ခံနေရတာကြောင့် သတ်မယ်ဆိုတဲ့အကြောင်း ခြိမ်း ခြောက်တာပါ။ ကျွန်တော်တင်မ ကဘူး။ ဒီချုပ်ပါတီဝင် လေးဦးရဲ့ အိမ်ရှေ့တွေအထိသွားပြီး စိန်ခေါ် ခြိမ်းခြောက်ခံခဲ့ရတယ်’’ ဟု ၎င်းက ပြောသည်။ မတ်လ ၂၁ ရက်က ကျင်းပ သော ပဲခူးတိုင်းဒေသကြီးလွှတ် တော် အစည်းအဝေးတွင် ဒေသ တွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးအ တွက် လောင်းကစားပြုလုပ်နေ ခြင်းနှင့် ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ် နည်းအားပျော့နေခြင်းအပေါ် ရဲ လုပ်ငန်းများကို တင်းတင်းကျပ် ကျပ် ဆောင်ရွက်ပေးရန် ဦးဇော် နိုင်ဦးက အဆိုတင်သွင်းပြီး မဲခွဲ ရာ လွှတ်တော်က တစ်ခဲနက် ထောက်ခံခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ က သဲကုန်းမြို့နယ်အတွင်း လောင် ကစားပြုလုပ်နေသူများကို ဖမ်း ဆီးအရေးယူမှုများ ရှိလာသဖြင့် လောင်းကစားသမားများကရန်ရှာ ခြိမ်းခြောက်ခြင်းဖြစ် ကြောင်း ဦးဇော်နိုင်ဦးက ပြော သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ ပါတီရုံးချုပ်သို့ မတင်ပြရသေး ကြောင်း၊ အမှုဖွင့်တိုင်ကြားသူများ တွင် ဒီချုပ်ပါတီဝင်သုံးဦးလည်း ပါ၀င်ကြောင်း ဦးဇော်နိုင်ဦးက ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ် နှင့် ဒီချုပ်ပါတီဝင်များ၏ တိုင် ကြားချက်အရ ညစ်ညမ်းစွာပြောဆိုခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၆/ ၂၉၄ တို့ဖြင့် ပုတီးကုန်းမြို့နေ အသက်(၆၀)ကျော် အရွယ် ဦးစန်းမောင်နှင့်အဖွဲ့ဝင်၁၅ ဦးခန့်ကို အမှုဖွင့်အရေး ယူထားပြီး ဖမ်းဆီးနိုင်ရန် စုံစမ်း နေကြောင်း ပုတီးကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ်လှဝင်းက ပြော ကြားသည်။

Source – 7 Days News  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။