“ မွန်တို့ဌာနေရာမညတိုင်းဆီ လှမ်းခဲ့ပါနှလုံးသားဧည့်သည် ” ဆိုတဲ့သီချင်းလေးအတိုင်းပဲ ဒီပုံလေးတွေကိုကြည့်ပြီး မွန်ပြည်နယ်ကို အရောက်လှမ်းသွားချင်တဲ့ စိတ်တွေ စာဖတ်သူတို့ ဆီမှာ ပေါ်လာမှာအသေအချာပါပဲ။ အရမ်းကိုကျက်သရေရှိပြီး ယဉ်ကျေးမှုကိုထိန်းသိမ်း တဲ့ မြင်ကွင်းလေးကိုမြင်ရတာ မြန်မာပြည်သူပြည်သားအားလုံးရဲ့စိတ်ကိုချမ်းမြေ့စေမှာ အမှန် ပါပဲ။ ၁၂ လရာသီထဲမှာမှ တန်ဆောင်မုန်းလမှာကျရောက်တဲ့ မြန်မာ့ရိုးရာကထိန်ခင်းပွဲကို မြန်မာနိုင်ငံအနှံ့အပြား မြို့တိုင်းနယ်တိုင်းမှာ ကျင်းပကြပါတယ်။ တစ်မြို့ထက်တစ်မြို့ တစ်နယ် ထက်တစ်နယ် သူ့ထက်ငါအပြိုင်အဆိုင် ချိမ့်ချိမ့်သဲသဲ လှလှပပ ကျင်းပကြပါတယ်။

အရုပ်ကြီးတွေဆင်ပြီးတော့လည်း အမြင်ဆန်းအောင်လုပ်ကြ ဦးရွှေရိုးနဲ့ဒေါ်မိုး အကလေးတွေ ကလည်း တခေတ်ဆန်းခဲ့ပါသေးတယ်။ အသစ်တွေဘယ်လောက် ကောင်းကောင်း အဟော င်းကိုမမေ့သာဆိုတဲ့ စကားလေးဟာ တကယ်မှန်ကန်လွန်းတယ်ဆိုတာကို မွန်ပြည်နယ်က သက်သေပြလိုက်တာပဲဖြစ်ပါ တယ်။ မွန်ရိုးရာဝတ်စုံလေးနဲ့ ယောကျာ်းမိန်းမတွေဟာ လမ်းမ ထက်မှာအင်မတန်ကိုကျက်သရေရှိရှိနဲ့ လျှောက်လှမ်းနေရတာကိုမြင်ရတာစိတ်နှလုံး ချမ်းမြေ့ဖွယ်ပါပဲ။ ရိုးရာဝတ်စုံလေးတွေကို အရောင် အမျိုးမျိုးကွဲပြားစွာဝတ်ဆင်ကြပေမယ့် အားလုံးက အရမ်းကိုလှပနေကြပါတယ်။ မြန်မာပြည်သူ ပြည်သားတွေကလည်း ဒီမြင်ကွင်း ကိုမြင်တွေ့ပြီး အားလုံးကသဘောကျနှစ်သက်ခဲ့ကြပါတယ်။

မြန်မာ့ရိုးရာ ကထိန်အလှူဟာ ကုသိုလ်ယူတဲ့ ကြီးမြတ်တဲ့ ပွဲတော်တစ်ခုဖြစ်တာကြောင့် ကိုယ့် ထက်ဂုဏ်အားဖြင့်ကြီးမြတ်သူ ပညာအားဖြင့်ကြီးမြတ်သူများ ဖြစ်တဲ့ ရဟန်းရှင်များကို ကိုယ့် ရဲ့လှူဖွယ်ပစ္စည်း တွေကို လှူဒါန်းရတဲ့ပွဲတော်ဖြစ်ပါတယ်။ ဒီလိုပွဲတော်မျိုးဟာလည်း မြန်မာ့ ရိုးရာဝတ်စားဆင်ယင်မှုနဲ့ပဲလိုက်ဖက်မှုရှိလှတာကြောင့် မွန်ပြည်နယ်ရဲ့ ကထိန်ပွဲဟာ မြန်ပြည်တစ်လွှားမှာတော့ လူကြိုက်အများဆုံးနဲ့ ကျက်သရေအရှိဆုံး အယဉ်ကျေးဆုံးပွဲ တစ်ပွဲဖြစ်ခဲ့ပါတယ်။ ရိုးရာဓလေ့ကိုချစ်မြတ်နိုးသူတိုင်း စိတ်ချမ်းမြေ့စေဖို့ ရည်ရွယ်ပြီး မွန်ပြည် နယ်ရဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်လေတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။

Photo – Soekoko Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။