ဂျပန်လေကြောင်းလမ်း ANA သည် မြန်မာအစိုးရထံသို့ လေကြောင်းပျံသန်းရေးလိုင်စင်လျှောက်ထားခဲ့သည်။ သို့သော် အစိူးရအနေဖြင့် အဆိုပါ ဂျပန်လေကြောင်းလမ်း၏လိုင်စင်ကမ်းလှမ်းမှုကို မပေးခဲ့ကြောင်းသိရှိရသည်။ လေကြောင်းပျံသန်းရေး လိုင်စင် (AOC) လျှောက်ထားမှု ကို မြန်မာအာဏာပိုင်များက ပယ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်း တစ််ခုထူထောင် မည့် အစီအစဉ်ကို ရပ်တန့်ခဲ့သည်ဟု ဂျပန်နိုင်ငံမှ ANA လေကြောင်းကုမ္ပဏီက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ANA ကုမ္ပဏီသည် ယမန် နှစ်က မြန်မာနိုင်ငံမှ ရွှေသံလွင် ကုမ္ပဏီပိုင် Golden Sky World ကုမ္ပဏီနှင့် Asian Blue ဖက်စပ် ကုမ္ပဏီထူထောင်ခဲ့သည်။နှစ်ပေါင်းများစွာ စစ်အုပ် ချုပ်ရေးရှိခဲ့ပြီးနောက် စျေးကွက် ဖွင့်လာသော မြန်မာနိုင်ငံတွင် လေကြောင်းပျံသန်းမှု လိုအပ် ချက်မြင့်မားလာမည်ဟု မျှော်မှန်း ပြီးနောက် နိုင်ငံတကာလေ ကြောင်းများကို အဓိကထားမည့် Asian Blue လေကြောင်းတွင် ရှယ်ယာ ၄၉ ရာခိုင်နှုန်းရယူရန် ANA က သဘောတူညီခဲ့သည်။ Asian Blue သည် မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံရန် ANA ၏ ဒုတိယမြောက် ကြိုးစားမှုဖြစ် သည်။ ၂၀၁၄ က Asian Wings Airways ၌ ၄၉ ရာခိုင်နှုန်းရယူ ရန် ကြိုးစားသော်လည်း ပြိုင်ဆိုင်မှုများ ပြားလာခြင်းက ရင်းနှီးမြှုပ်နှံ မှုအတွက် အန္တရာယ်ကြီးသည်ဟု ဆုံးဖြတ်ကာ ယင်းအစီအစဉ်ကို ပယ်ဖျက်ခဲ့သည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် လိုင်စင်ရရှိ ရန် ပြီးခဲ့သည့်မေလက စတင် လျှောက်ထားခဲ့သည်။ ANA လေကြောင်းလိုင်း၏ မြန်မာနိုင်ငံလုပ်ငန်းများကို ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်မည်ဖြစ် သည်။ မြန််မာ အရပ်ဘက်လေ ကြောင်းဌာန ပြောရေးဆိုခွင့်ရှိသူ က ANA ၏ AOC လျှောက်ထား မှုကို ပယ်ချခဲ့ကြောင်း ပြောကြား သော်လည်း အသေးစိတ်မပြော ကြားဟု ရိုက်တာသတင်းက ဖော် ပြသည်။ ကုမ္ပဏီကို ရပ်တန့်ပစ်ရေး ဆုံးဖြတ်ခဲ့ခြင်းကို စိတ်မကောင်း ဖြစ်ရကြောင်းနှင့် မြန်မာနိုင်ငံ လေကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ပါဝင်ဖြည့်ဆည်းပေးရန် အ ခွင့်အရေးကို ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း ANA ပြောရေးဆိုခွင့်ရှိသူက ရိုက်တာအား ပြော ကြားခဲ့သည်။

Source – Reuters, 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။