အင်္ဂလိပ်နာမည် Passage of Life၊ ဂျပန်လို ကျနော်အတွက် ပြန်ရမယ့် နေရာ လို့ အမည်ပေးထားတဲ့ ဇာတ်ကားဟာ တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Best Asian Future Film Award ဆုုနဲ့The Spirit of Asia Award by the Japan Foundation Asia Center ဆုု ၂ ခုု ရရှိခဲ့ပါတယ်။ 

အဆိုပါ ရုပ်ရှင်ကို ဂျပန်လူငယ် ဒါရိုက်တာ အခိအို ဖူဂျီမိုတို ရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ ဂျပန်နိုင်ငံရောက် မြန်မာလူမျိုးများနဲ့ မြန်မာပြည်သူများ အားပေးမှုကြောင့် ဆုရရှိခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ 

ဂျပန်နိုုင်ငံမှာ ဒုုက္ခသည်လျှောက်ထားတဲ့ မိသားစုုရဲ့ ဖြစ်ရပ်မှန်အပေါ် ဇာတ်လမ်းတည် ရိုက်ကူးထားတာဖြစ်ပြီး မြန်မာနိုုင်ငံမှာ ပြန်လည်အခြေချနေထိုုင်ဖို့ အခက်အခဲများစွာ ရှိနေတာကိုု နှစ်နိုုင်ငံတာဝန်ရှိသူတွေ သတိထားစေချင်လိုု့ ရိုက်ကူးရတာလို့လည်း အခိအို ဖူဂျီမိုတို က ပြောပါတယ်။

ရုပ်ရှင်သည် ပြသည့် ပွဲစဉ်တိုင်း ရုံပြည့်ရုံလျံ သည်အထိ အောင်မြင်ရရှိခဲ့တယ်လို့ သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။