Pride of Britain Award ဆုရရှိထားသူ မိုရွန်နီအတွက် သူရဲ့ဘဝမှာ အံ့သြစရာအကောင်းဆုံးသော ပျော်ရွှင်မှုတစ်ခုကိုရရှိခဲ့ပါတယ်။ မိုရွန်နီဟာဆိုရင် the winner of the Teenager Of Courage award ဆုကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

အက်စတွန်ဗီလာရဲ့အမာခံပရိသတ်ဖြစ်တဲ့ မိုရွန်နီဟာ ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းအားလည်းတွေ့ဆုံနေချင်တာလညးဖြစ်ပါတယ်။ယခုသူဟာ Pride of Britain Award ဆု လက်ခံရယူဖို့အတွက် အင်္ဂလန်ကိုရောက်ရှိနေချိန်မှာ မိုရွန်နီဟာဒေးဗစ်ဘက်ခမ်းနဲ့ဖုန်းခေါ်ဆိုမှုအပြီးမှာ တစ်ဖက်အခန်းမှ လူကိုယ်တိုင်ရောက်လာသောအခါမှာတော့မိုရွန်နီတစ်ယောက်အံ့သြလွန်းပြီးကြက်သေသေဖြစ်ကာ ပျော်ရွှင်သွားခဲ့တာဘဲဖြစ်ပါတယ်။

မိုရွန်နီသည်AcornsChildren’sHospiceမှာအကြံဉာဏ်ပေးခြင်းနှင့်ဖျားနာသူကလေးငယ်များအတွက်ထောက်ပံ့ပေးခြင်းများကိုဆောင်ရွက်ခဲ့တဲ့အတွက်လည်းယခုနှစ်အတွက် ဆုတံဆိပ်ရရှိထားတာလည်းဖြစ်ပါတယ်။မိုရွန်နီဟာသူအသက်နှစ်လအရွယ်မှာ ထူးခြားသောမျိုးရီုးဗီဇဆိုင်ရာအရေပြားရောဂါဝေဒနာကိုစတင်ခံစားခဲ့ရတာလည်းဖြစ်ပါတယ်။ဆရာဝန်တွေကသူရဲ့ပထမဦးဆုံးမွေးနေ့ကိုတောင် ကျော်ဖြတ်နိုင်မှာမဟုတ်ဘူးလို့ကောက်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။ယခုဆိုရင် မိုရွန်နီဟာ အသက် ၁၇နှစ်ပင်ရှိနေပြီဖြစ်ပါတယ်။

Source -Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။