အပ်မှိုကို အခုခေတ် နောက်ပိုင်းမှာ တေ်ာတော်များများက စားသုံးလာကြပါတယ်။ အများစုကလည်း အပ်မှိုကို နှစ်ခြိုက်စွာ စားသုံးတတ်ကြပါတယ်။ ၀ယ်ရတာလည်း လွယ်ကူပြီး စားရတာလည်း အရသာ ရှိတာမို့ ဒီအတိုင်း ကြော်စားတာပဲဖြစ်ဖြစ်၊ အခြား တစ်ခုခုနဲ့ တွဲဖက် စားသုံးတာဖြစ်ဖြစ် နည်းမျိုးစုံနဲ့ စားလေ့ ရှိပါတယ်။ အပ်မှိုကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အပ်မှိုစားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးများကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။  

၁။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်တယ်။

အပ်မှိုမှာ အဟာရဓါတ်တွေများစွာပါ၀င်ပါတယ်။ အပ်မှိုက ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်လို့ တခြားရောဂါပိုးမွှားတွေ ၀င်ရောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ အဆီတွေကျစေတယ်

ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့ အဆီပိုတွေကို လျှော့ကျစေပါတယ်။ အူတွင်းမှာရှိတဲ့ အဆီတွေကို လျှော့ချပေးလို့ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။ ၀ိတ်ချတဲ့ သူတွေ အနေနဲ့လည်း ဖြည့်စွက် အစာအဖြစ် စားသုံးလို့ ရပါတယ်။

၃။ သကြားဓါတ်ကို မျှတစေတယ်။

အမျှင်ဓါတ်တွေကြွယ်ဝစွာပါ၀င်လို့ ကိုလက်စထရောကိုလျှော့ကျစေပါတယ်။ ဒါ့အပြင် အဲဒီအမျှင်ဓါတ်တွေက သွေးတွင်းသကြားဓါတ်ပါ၀င်မှုကို ထိန်းထားပေးနိုင်ပါတယ်။  

၄။ ၀မ်းချုပ်ခြင်းကိုကာကွယ်ပေးတယ်။

အမျှင်ဓါတ်ကြွယ်ဝစွာပါ၀င်လို့ ၀မ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေရော လူကြီးလူငယ်တွေပါ စားသုံးပေးသင့်ပါတယ်။

၅။ မှတ်ဉာဏ်တိုးတက်စေတယ်။

အပ်မှိုမှာပါ၀င်တဲ့ Amino Acid တွေက မှတ်ဉာဏ်တိုးတက်စေပါတယ်။ သင့်ကိုကျန်းမာစေမယ့်အပြင် မှတ်ဉာဏ်ကိုပါ တိုးတက်စေလို့ စားပေးသင့်ပါတယ်။

၆။ ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးတယ်။

သင့်ရဲ့ ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးနိုင်လို့ အဟာရစုပ်ယူမှုကို အားကောင်းစေပါတယ်။

အထက်ပါ အချက်တွေကို သိရှိပြီး သူငယ်ချင်းတွေရော မိတ်ဆွေတွေရော ဗဟုသုတ ရရှိစေဖို့အတွက် မျှဝေပေးလိုက်ပါဦးနော်

Source: MyFood 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။