မဆုံတာကြာပြီးဖြစ်တဲ့ပရိသတ်အချစ်တော်အနုပညာရှင်၃ယောက်ရဲ့ပြန်လည်စုံစည်းမှုလေးပဲဖြစ်ပါတယ်။အဖြူရောင်ဆင်တူလေးတွေဝတ်ဆင်ထားပြီးဓာတ်ပုံရိုက်ကွင်းပေါ်ကမြင်ကွင်လေးနဲ့တစ်စုတစ်စည်းထဲမြင်တွေ့ရတဲ့အနုပညာရှင်သုံးယောက်ကတော့မင်သားချောလူမင်း,မင်းသမီးချောဆုပန်ထွာနဲ့ဇင်ဇင်ဇော်မြင့်တို့ပဲဖြစ်ပါတယ်။အလန်းစားဖက်ရှင်တွေနဲ့အနုပညာရှင်၃ယောက်ရဲ့အတွဲညီညီနဲ့ဘယ်လိုဓာတ်ပုံရိုက်ကူးမှုတွေပြုလုပ်နေတယ်ဆိုတာတကယ်ကိုစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ရိုက်ကူးရေးပြုလုပ်နေတဲ့အနုပညာရှင်တွေရဲ့ချစ်ပရိသတ်တွေလဲသူတို့ဘာတွေရိုက်ကူးနေကြတယ်ဆိုတာသိချင်နေလောက်ပြီးထင်ပါတယ်။

ပရိသတ်အချစ်တော်အနုပညာမောင်နှမသုံးယောက်ဟာအလန်းစားဖက်ရှင်လေးတွေနဲ့၂၀၁၈ရုပ်ရှင်အစည်းအရုံးပြက္ခဒိန်အတွက်ရိုက်းကူးရေးလုပ်နေတာပဲဖြစ်ပါတယ်။ပရိသတ်တွေနဲ့ဝေးကွားခဲ့တာကြာပြီးဖြစ်ပြီးလက်ရှိမှာအနုပညာလှုပ်ရှားမှုတွေပြန်လည်လုပ်ကိုင်လာတော့မယ့်သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်လဲပါဝင်ရိုက်ကူးခဲ့တာဖြစ်တဲ့အတွက်မဆုံတာကြာပြီးဖြစ်တဲ့အနုပညာမောင်နှမတွေပြန်လည်စုံစည်းတဲ့ဓာတ်ပုံရိုက်ကွင်းလေးတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော်ဆုပန်ထွာဟာ ‘ညီမလေးမေလေးနဲ့Mommies Talkပွဲလေးမှာတွေ့ပြီးဆင်

တူလေးတွေဝတ်ပြီးဓာတ်ပုံရိုက်ကူးမှုလေးလုပ်ကြမယ်လို့တိုင်ပင်ဖြစ်တာကြောင့်ဆင်တူလေးတွေဝတ်ကြဖို့စီစဉ်ခဲ့တာပါလို့’ ဆိုပါတယ်။ 

အနုပညာရှင်တွေရဲ့အဖြူရောင်ဖက်ရှင်လေးကိုအလန်းဆုံးဖြစ်အောင်ချုပ်လုပ်ပေးခဲ့တာကတော့ဒီဇိုင်းနာငြိမ်းကိုပဲဖြစ်ပါတယ်။ဆုပန်ထွာဟာသူမတို့ဝတ်ဆင်မယ့်အဖြူရောင်ဖက်ရှင်လေးတွေကချက်ချင်းကြီးစီစဉ်ရတာမလို့အတင်းလှမ်းဂျီကျပြီးလိုချင်တဲ့ဒီဇိုင်းလေးကိုရအောင်ချုပ်ပေးခဲ့တဲ့ဒီဇိုင်းနာငြိမ်းကိုကိုလဲကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုပါတယ်။အခုရိုက်ကူးခဲ့တဲ့ဓာတ်ပုံရိုက်ကူးမှုလေးဟာအနုပညာမောင်နှမတွေပြန်စုံတွေ့ရပြီးအရမ်းကိုပျော်စရာလေးဖြစ်ခဲ့ပါတယ်လို့ဆိုပါတယ်။အဖြူရောင်ဖက်ရှင်လေးတွေနဲ့အလန်းစားရိုက်ကူးမှုပြုလုပ်နေတဲ့ ပရိသတ်ချစ်အနုပညာရှင်(၃)ယောက်ရဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်တွေမျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဆုပန်ထွာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။