အီတလီဝန်ကြီးချုပ်ဟောင်းဆီလ်ဗီယိုဘာလူစကိုနီသည် ယခုအခါ နိုင်ငံရေး လောကထဲ တကျော့ပြန်ဝင်ရောက်ရန် ပြင်ဆင်နေပြီဟုသိရပါတယ်။စစ္စလီကျွန်းတွင် ၎င်းထောက်ခံသည့်ညွန့်ပေါင်းပါတီ အသိုက်အဝန်းတစ်ခု ဒေသခံ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် ဘာလူစကိုနီ အနေဖြင့် အီတလီ နိုင်ငံရေးတွင် ပြန်လည် ခြေချလာဖွယ် ရှိနေကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာပါတယ်။ 

ဒေသတွင်း ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းကအသစ်ဖွဲ့စည်းလိုက်သည့် ဗဟိုလက်ယာယိမ်း မဟာမိတ် အင်အားစုအတွက်လည်း တွန်းအားတစ်ခု ဖြစ်လာစေခဲ့ပါတယ်။စစ္စလီကျွန်း၏ ဒေသတွင်း ရွေးကောက်ပွဲသည် လာမည့်နှစ်တွင် ကျင်းပမည့် ပြည်လုံးကျွတ် ရွေးကောက်ပွဲအကြို အရေးပါသည့် စမ်းသပ်မှု တစ်ခုအဖြစ်လည်း အီတလီ နိုင်ငံရေး အသိုက်အဝန်းက ရှုမြင်ကြရပါတယ်။အသက် ၈၁ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီး ဘာလူစကိုနီသည် အစိုးရ အဖွဲ့တွင်းနှင့် ပြင်ပ လူနေမှုဘဝ အရှုပ်အထွေးများကြောင့် နိုင်ငံရေး နယ်ပယ်နှင့် ကင်းကွာနေရသူ ဖြစ်ပါတယ်။ ၎င်းသည် ယခင်ကအီတလီ ဝန်ကြီးချုပ် ရာထူးကို သက်တမ်းလေးကြိမ် တာဝန်ထမ်းဆောင်ဖူးပါတယ်။

လွန်ခဲ့သည့် လေးနှစ်ကမူ အခွန်တိမ်းရှောင်မှု စွဲချက်များဖြင့် ၎င်းကို နိုင်ငံရေးနှင့် ကင်းရှင်းစွာ နေထိုင်ရန် တရားရုံးတစ်ခုက စီရင်ချက် ချခံရခြင်းဖြစ်ပါတယ်။ သို့သော် အဆိုပါသတ်မှတ်ကာလပြီးဆုံးရန် နီးကပ်လာချိန်၌ဘာလူစကိုနီသည် နိုင်ငံရေး နယ်ပယ်ထဲ ပြန်ဝင်မည့် အရိပ်အယောင်များ ပြသလာခဲ့ခြင်း ဖြစ်ပါတယ်။မည်သို့ပင်ဖြစ်စေ၊ အဆိုပါရလဒ်ကလတ်တလောရုန်းကန်နေရသည့် ဗဟို လက်ဝဲယိမ်း အီတလီ အစိုးရအတွက်အထိနာစေခဲ့သည်။လက်ရှိအစိုးရသည် နိုင်ငံ၏ရွှေ့ပြောင်းဒုက္ခသည် မူဝါဒများနှင့် ပတ်သက်ပြီး ပြည်သူလူထု၏ အမျက်ဒေါသနှင့် ရင်ဆိုင်နေရသည်။

Source –Guardian , 7daydaily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။