မိန်းကလေး အများစုက ဓမ္မတာ မမှန်တတ်ကြပါဘူး။ ဒီလို မမှန်တဲ့ အကျိုးဆက်ကြောင့် ၀က်ခြံထွက်ခြင်း၊ စိတ်မအီမသာဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ မလန်းဆန်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ မိသားစုကတောင့် ကိုယ့်ကို သံသယဖြစ်တာမျိုးတွေ ကြုံတတ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဓမ္မတာ နောက်ကျခြင်းက မိန်းကလေးအတွက် ထိတ်လန့်တုန်လှုပ်ရတဲ့ အတွေ့အကြံုတစ်ခု ဖြစ်စေပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာကတော့ အောက်ပါ ပုံမှန် အကြောင်း အရာတွေ ကြောင့် ဓမ္မတာ နောက်ကျလေ့ ရှိတတ်တာကြောင့် တခြားသော မလိုအပ်တဲ့ ထင်မြင်ယူဆချက်တွေနဲ့ မစိုးရိမ်စေချင်လို့ပါပဲ။

ဓမ္မတာ နောက်ကျရခြင်း အကြောင်းရင်းများကတော့

(၁) ရာသီစက်ဝန်း တစ်ပတ်မပြည့်ခြင်း

ရာသီစက်ဝန်းက တစ်လနဲ့တစ်လ မတူပါဘူး။ ဒီလမှာ ရာသီစက်ဝန်းက ၂၄ ရက်ကြာပေမဲ့ နောက်တစ်လမှာ ၃၂ ရက်ကြာတတ်တာလည်း ရှိပါတယ်။ ရာသီသွေးလာမယ်လို့ ထင်တဲ့ရက်မှာ မလာရတဲ့ အကြောင်းရင်းကတော့ ရာသီစက်ဝန်း တစ်ပတ် မပြည့်သေးလို့ ဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှု များခြင်း

စိတ်ဖိစီးမှုကြောင့် သားဥကြွေချိန် ပုံမှန်ထက် နောက်ကျတတ်ပါတယ်။ စိုးရိမ်ပူပန်စရာ၊ စိတ်ညစ်စရာ တစ်ခုခု ကြံုရတဲ့အခါ ခန္ဓာကိုယ်က စိတ်ခံစားမှု အသင့်ဖြစ်မယ့် အချိန်ကို စောင့်လေ့ရှိတဲ့ အတွက် ပုံမှန်ထက်နောက်ကျရခြင်း ဖြစ်ပါတယ်။

(၃) နာမကျန်းဖြစ်ခြင်း

နေမကောင်းဖြစ်တာ၊ ထိခိုက်ဒဏ်ရာရတာ ကြောင့်လည်း နောက်ကျတတ်ပါတယ်။ ခန္ဓာကိုယ် ပြန်လည်ကျန်းမာလာတဲ့ အထိစောင့်ပြီးမှ သားဥကြွေတတ်ပါတယ်။ ဒါကြောင့် ရာသီသွေး နောက်ကျတာ၊ ရပ်ဆိုင်းသွားတာ ဖြစ်နိုင်ပါတယ်။

(၄) အာဟာရ မပြည့်ဝခြင်း

အာဟာရ မပြည့်ဝတာ၊ ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်တာကြောင့် နောက်ကျတတ်ပါတယ်။ ဒါတွေကလည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အတွက် ခန္ဓာကိုယ် ကျန်းမာလာပြီလို့် မခံစားရသရွေ့ သားဥမကြွေတဲ့အတွက် ရာသီနောက်ကျတာ၊မူမမှန်တာ၊ ပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ 

(၅) ဆေးဝါးများ

ဆေးဝါးများ သောက်သုံးရခြင်း အခြားရောဂါ တစ်ခုခုကြောင့် သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်လည်း နောက်ကျတတ်ပါတယ်။

ဓမ္မတာ လာပုံက အမြဲပုံမှန် ဖြစ်ပြီး ထူးထူးခြားခြား နောက်ကျတယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ကုသ တိုင်ပင်သင့်ပါတယ်။ မိန်းကလေးတွေအတွက် မီးယပ်ရောဂါကလည်း အရေးကြီးတာမို့ ဂရုစိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

သာယာလှပသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်

သတင်းအရင်းအမြစ် - ကျန်းမာရေးဆောင်းပါးများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။