ကမ္ဘောဒီးယားကိုထွက်ခွာသွားတဲ့မြန်မာ့လက်ရွေးစင်အသင်း

အိန္ဒိယအသင်းနဲ့အာရှဖလားခြေစစ်ပွဲမကစားမီအကြိုပြင်ဆင်မှုအဖြစ်မြန်မာအသင်းဟာ

ကမ္ဘောဒီးယားလက်ရွေးစင်အသင်း

နဲ့ခြေစမ်းကစားမှာပါ။အဆိုပါခြေစမ်းပွဲကိုနိုဝင်ဘာ9ရက်နေ့မြန်မာစံတော်ချိန်ညနေ6နာရီမှာ

ကမ္ဘောဒီးယားနိုင်ငံအိုလံပစ်အားကစားကွင်းကြီးထဲမှာကျင်းပမှာပါ။ဒါကြောင့်မြန်မာလက်ရွေးစင်

အသင်းသားတွေဟာဒီနေ့ညနေခြောက်နာရီမှာ

ရန်ကုန်လေဆိပ်ကနေအန်ကောဝတ်ကျောင်းတော်ကြီးရှိရာကမ္ဘောဒီးယားနိုင်ငံကိုထွက်ခွာသွားခဲ့ပါပြီ။

မြန်မာလက်ရွေးစင်အသင်းဟာအောက်တိုဘာ31ရက်နေ့ကတည်းကလေ့ကျင့်ခန်းအစီအစဉ်တွေကိုပြုလုပ်ခဲ့ပါတယ်။

ပဏာမကစားသမား25ဦးရွေးချယ်ထားခဲ့ပြီးအပြီးသတ်ကစားသမား23ဦးကိုတော့မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

အပြီးသတ်လူစာရင်းမှာတော့ဝါရင့်ကွင်းလယ်လူမင်းမင်းသူနဲ့ရတနာပုံကွင်းလယ်လူမျိုးကိုထွန်းတို့ကိုချန်လှပ်ခဲ့ပါတယ်။

မြန်မာအသင်းဟာကမ္ဘောဒီးယားနဲ့ခြေစမ်းပွဲပီးရင်14ရက်နေ့

ကျရင်အိန္ဒိယနဲ့အရေးကြီးပွဲစဉ်ကစားရမှာဖြစ်ပြီးအိန္ဒိယကို

အနိုင်ကန်ဖို့လိုပါတယ်။

ကမ္ဘောဒီးယားကတော့မြန်မာနဲ့ပွဲပြီးရင်အာရှဖလားခြေစစ်ပွဲအဖြစ်ဂျော်ဒန်နဲ့ကစားရမှာပါ။နှစ်သင်းစလုံးဟာ

တစ်ယောက်ခြေတစ်ယောက်သိနေတဲ့အာဆီယံပြိုင်ဘက်

တွေဖြစ်တာမို့ခြေစမ်းပွဲကအကြိတ်အနယ်ရှိမှာအသေအချာပါ။

ဒါ့အပြင်ဒေသတွင်းအတောက်ပဆုံးလူငယ်ခြေတက်

နှစ်ယောက်ဖြစ်တဲ့ချန်ဗန်သာနာကာနဲ့အောင်သူတို့ရဲ့ပြိုင်

ဆိုင်မှုကိုလည်းဒီပွဲမှာပရိသတ်တွေတွေ့မြင်ကြရမှာပါ။

မြန်မာကတော့ဂျူနီယာအသင်းကအာရှယူ-19ခြေစစ်ပွဲမှာကမ္ဘောဒီးယားကိုရှုံးထားတာကြောင့်

ဂုဏ်သိက္ခာအရမဖြစ်မနေအနိုင်ကစားဖို့လို့ပါတယ်။

အောင်သူတို့ရဲ့Road to Cambodiaရလဒ်တွေ

လှပပါ့မလား။

AGU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။