The Miracles From Heaven ရဲ့သရုပ်ဆောင် ဂျနီဖာဂါနာဟာ သူမရဲ့ အူနှိပ်ပြီးရယ်ရမတတ်ဖြစ်စေတဲ့ ဓါတ်ပုံကို Social Media တစ်ဖြစ်လဲ Instagram သို့ မျှဝေခဲ့ပါတယ်။ ကဲအခု Chicken Lady နေ့ဖြစ်ပြီမဟုတ်လား သူမရဲ့ဘဝဟာစိတ်လှုပ်ရှားစရာကောင်းလှပါတယ်လို့ ရေးသားထားပါသေးတယ်။

သူမဟာဟာသလုပ်ဖို့အတွက်လမ်းလျှောက်နေတာမဟုတ်ဘဲသူမရဲ့ကြက်မလေးပျော်ရွှင်စေဖို့သပ်သပ်သာလမ်းလျှောက်နေခြင်းဖြစ်ပါတယ်။ကြက်မလေးကိုကြိုးနဲ့ချည်ထားပြီးလမ်းလျောက်နေရာမှာ ကြက်မလေးကသာ သူမကိုဦးဆောင်ခေါ်သွားရတာနှစ်သက်နေဟန်ရှိပါတယ်။ 

ဂါနာဟာဆိုရင်ဖြင့် လက်ရှိမှာ ကလေးသုံးယောက်ကို ထိန်းသိမ်းပြုစုနေတာလည်းဖြစ်ပါတယ်။သမီးများဖြစ်တဲ့ ဗွိုင်းအိုးလက် အသက်၁၁နှစ်နှင့် ဆာဖရီနာ အသက်၈နှစ်တို့အား ခင်ပွန်းဟောင်း ဘန်းအက်ဖလက်ခ် နှင့်အတူ တလှည့်စီပြုစုထိန်းကျောင်းစောင့်ရှောက်နေတာလည်းဖြစ်ပါတယ်။

Source - People

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။