အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်သလို ပရိသတ်အချစ်တော် မင်းသမီးတစ်လက်လည်းဖြစ်တဲ့ မိုးယုစံကတော့ သူမတို့ရဲ့ pre wedding ဓာတ်ပုံတွေကို သူမရဲ့ လူမှုစာမျက်နှာပေါ်မှာ တင်လို့ထားပါတယ်။ သူမ မင်္ဂလာမဆောင်ခင် ထွက်ပေါ်ခဲ့ Pre Wedding ဓာတ်ပုံတွေဟာ အံ့အားသင့်စရာကောင်းလောက်အောင် လှပပြီး ပရိသတ်တွေကြားမှာလည်း အတော်လေး ရေပန်းစားခဲ့ပါတယ်။ 

ခမ်းနားကြီးကျယ်စွာ မင်္ဂလာပွဲကြီးကျင်းပခဲ့ပြီး ပြည်ပကို ဟန်းနီးမွန်းထွက်ခဲ့တဲ့ သူမတစ်ယောက် ယခုဆိုရင်တော့ သားလေးတစ်ယောက် မိခင်ဖြစ်လို့နေပါပြီ ပရိသတ်ကြီးရေ။ မိုးယုစံက ယခုအချိန်မှ အရင်ကမတင်ဖြစ်ခဲ့တဲ့ pre wedding ဓာတ်ပုံလေးတွေကို တင်လိုက်ရတာကတော့ 

"U Peter ရိုက်ပေးတဲ့ wedding ပုံတွေခုမှ ရလို့တင်ထားတာတွေ့လို့တင်လိုက်ပီ ပုဂံဘုရားတွေမပြိုခင်လေးရိုက်လိုက်ရလို့ကံကောင်းပါတယ် ခရီးသွားရိုက်ရတာပင်ပန်းပေမဲ့ ခုချိန်ပြန်ကြည့်တော့ အမှတ်တရဖြစိမိတယ် ခရီးမှာပင်ပန်းခံပီးကူညီပေးတဲ့ မကြီးဆန်း ဦးပီတာ အားလုံးအားလုံးကိုလည်းကျေးဇူးတင်ပါတယ် ချစ်ခင်အားပေးတဲ့သူများကိုလည်းကျေးဇူးတင်ပါတယ်" ဆိုပြီး ပြောပြထားပါတယ် ပရိသတ်ကြီးရေ။ လတ်တလောမှာတော့ မိုးယုဟာ မိသားစုနဲ့အတူ ရွှေတြိဂံ နယ်မြေဖက်ကို ခရီးထွက်နေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ......

Source: Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။