မင်းသမီးချောလေး သင်ဇာနွယ်ဝင်းကတော့ နို၀င်ဘာ ရ ရက်နေ့မှာ ပထမဆုံးသားဦးလေးကို မွေးဖွားသန့်စင်လိုက်ပြီဖြစ်ပါတယ် ။

ကိုယ်ဝန်ဆောင်စဉ်ကတည်းကသေချာဂရုစိုက်ထိန်းသိမ်းခဲ့တာမို့ မွေးဖွားလာတဲ့ သားလေးဟာ ကျန်းကျန်းမာမာပဲရှိနေတယ်လို့ သိရပါတယ် ။

သားသားလေးကို ချောချောမောမောမွေးဖွားခဲ့ပြီးလို့ ပျော်ရွှင်နေရတဲ့ အပျော်တွေကို သင်ဇာက ပရိတ်သတ်တွေဆီ အောက်ပါအတိုင်း ပြောထားပါတယ် ။ 

" ဒီနေ့သားလေးကို မွေးဖွားပြီးပါပြီ။ အစစအရာရာ ကူညီပေးတဲ့ ဝိတိုရိယဆေးရုံနှင့် OG ဒေါ်မြတ်မြတ်ဝါ , ကလေးအထူးကု ဒေါ်မြမြအုန်း, သားလေးနှင့်အမှတ်တရဓါတ်ပုံများကို ရိုက်ကူးပေးပါသော My Dream wedding Than Naing MD Sanda Moe Swe Cordlife Myanmar မှKyaw Htoo Naing

အနားမှာမမွေးမချင်း အားပေးတဲ့ အမ Shwe Sin Ei Ma Theint Su Mon Nonorí Hnin Ei Waiတို့ကိုကျေးဇူးအများကြီးတင်ပါတယ်။ အားရှိအောင် တောက်လျှောက်အားပေးတဲ့ခင်ပွန်း Steven Hla အတွက် သားလေးကိုသဘာဝအတိုင်း မွေးပေးခွင့်ရတဲ့အတွက်လည်းအရမ်းပျော်ရွှင်မိတယ်။ သဥ္ဇာတို့မိသားစုလေးကို ကောင်းသောဆုတောင်းချင်းများ ဆုတောင်းပေးကြတဲ့ ပရိသတ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်။ " လို့ သင်ဇာက ဆိုခဲ့တာပါ ။

အိမ်ထောင်ကျကံကောင်းတယ်လို့ ပရိတ်သတ်တွေကဆိုနေကြတဲ့ မင်းသမီးချောလေးကတော့ ခုဆိုရင် အိမ့်ဆည်းလည်း သားသားလေးနဲ့ အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ရောက်ရှိသွားပြီပဲဖြစ်ပါတယ် ။ Myanmarload ကလည်း သင်ဇာနွယ်ဝင်းအတွက် ၀မ်းမြောက်ဝမ်းသာနဲ့ ဂုဏ်ပြုပေးလိုက်ပါတယ် ။ ပျော်ရွှင်ပါစေ သင်ဇာရေ ...  

သတင်းအရင်းမြစ် Thinzar Nwe Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။