"ရင်ဘတ်ထဲက ဓား" ရုပ်ရှင်ဇာတ်ကားကြီးဟာ ကြီးမားတဲ့ အောင်မြင်မှုနဲ့အတူ ပရိသတ်တွေကြား ပျံ့နှ့ံလို့နေပါတယ်။ ရုံပြည့်ရုံလျှံဖြစ်ခဲ့တဲ့အပြင် လက်မှတ်တွေ ဝယ်မရလောက်အောင် ရောင်းအားကောင်းခဲ့ပြီး သွားကြည့်ခဲ့ကြတဲ့ ပရိသတ်တွေ အနုပညာရှင်တွေအားလုံးကတော့ အူဝဲအတွက် အကယ်ဒမီ ဆိုပြီး ပြောလို့နေကြပါတယ်။

ဒီ ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုခဲ့ကြသူတွေထဲမှာ ပရိသတ်အချစ်တော် အဆိုတော် G Fatt လည်း ပါဝင်ပြီး အဆိုတော် သရုပ်ဆောင် မင်းသမီးဂနန်းစုရတီစိုးလည်း ပါဝင်လို့နေပါတယ်။ နန်းစုကတော့ ဒီဇာတ်ကားကြည့်ဖြစ်ခဲ့ပုံနဲ့ ဇာတ်လမ်းအပေါ်သုံးသပ်ချက်ကို ယခုလိုရေးသားထားပါတယ်။ 

"ဒီဇာတ်ကားလေး ရုံစတင်ထဲက ကြည့်မလို့ဟာ ရုံတွေပြည့် နေလို့ စောင့်ရင်းစောင့်ရင်းနဲ့ မကြည့်ဖြစ်ပဲ ခရီးသွားလိုက်ရတာ ခရီးကပြန်ရောက်တော့ ဟိုနေ့ကပွဲမှာ မအူဝဲနဲ့တွေ့ပြီး အကျိုးအကြောင်းပြောပြတော့ မအူဝဲက လက်မှတ်လုပ်ပေးတာနဲ့ ကြည့်ရပြီ

ဇာတ်လမ်းက အရမ်းကောင်းပြီး ပါဝင်တဲ့သူတွေ ဖန်တီးတဲ့သူတွေ အကုန် အရမ်းကောင်း အရမ်းတော်.. ပညာတွေ အသိတရားတွေ အတွေးအခေါ်တွေလည်း အများကြီးပေးတဲ့ ဇာတ်ကားလေးပါ...

အထူးသဖြင့် မအူဝဲသရုပ်ဆောင်တာကိုကြည့်ပြီး မျောသွားတာ ကိုယ့်မှာ အသက်တောင်မနည်းရှူရတယ် တကယ့် အနုပညာမှော်ပါပဲ.. မိန်းမချင်းမို့လို့လားမသိဘူး အဲ့ဒီ အဝေး ဆိုတဲ့ ဇာတ်ကောင်ခံစားနေရတာတွေကို ကိုယ်ချင်းစာ ပိုနားလည် သနားမိတယ် .. ကျန်တဲ့သရုပ်ဆောင်တွေရဲ့ ဇာတ်ကိုပံ့ပိုးမှုအပြင် တီတီရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်ချက်တွေက မအူဝဲဇာတ်ရုပ်ကို ပိုအသက်ဝင်သထက်ဝင်စေတယ်လို့ ထင်မိတယ် တီတီရဲ့ သရုပ်ဆောင်ချက်တွေကြောင့် အဝေးကိုချစ်တဲ့စိတ် သနားတဲ့စိတ်တွေပိုဖြစ်မိတယ် . ကြည့်ရတာ အရမ်းအရသာရှိတဲ့ဇာတ်ကားကောင်းပါ.. အားရင်ဒီဇာတ်ကားကို နောက်တစ်ခေါက်ထပ်ကြည့်ဦးမယ်လို့ကို စဉ်းစားထားတယ် " ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာမှာ ရေးသားထားပါတယ်။

သွားရောက်အားပေးခဲ့တဲ့ G-Fatt တစ်ယောက်ကလည်း အလုပ်နားရင်း သွားကြည့်ဖြစ်ခဲ့ပုံကို "တစ်နေကုန် အလုပ်လုပ်ထားတာကွ ခဏတော့နားရမယ် " ဆိုုပြီး ရေးသားထားပါတယ်။ ဒါ့အပြင် သူ့ပရိသတ်တွေကို "အဲ့ကားမိုက်တယ် စော်နဲ့တော့သွားမကြည့်နဲ့ ကွိုင်ဟဲဗီးရှာခံရလိမ့်မယ် " ဆိုပြီးလည်း သတိပေးလိုက်ပါသေးတယ်။

Source: G-Fatt & Nan Su Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။