အနုပညာလောကရဲ့ နာမည်ကြီး မင်းသားတစ်လက်ဖြစ်သလို သဘင်မျိုးရိုးကဆင်းသက်လာတဲ့ နာမည်ကြီး ဇာတ်မင်းသားတစ်ဦးဖြစ်သူကတော့ ကျော်ကျော်ဗို ဖြစ်ပါတယ်။ ကျော်ကျော်ဗို နှင်းဆီအဖွဲ့ သားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ရုပ်တည်တည်နဲ့ နောက်တတ်တဲ့ ဟန်ပန်တွေကြောင့် ပရိသတ်တွေကြား အထူးနှစ်ခြိုက် အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ 

ကျော်ကျော်ဗိုဟာ မနေ့က သူ့ရဲ့ လူမှုစာမျက်နှာထက်မှာ မိန်းကလေးပုံစံပြောင်းထားတဲ့ ဓာတ်ပုံတစ်ပုံကို

"Character ချိန်းတယ်ဆိုတာလွယ်သလားခက်သလားရာမ

နည်းနည်းတော့တိုင်ပါတ်တာပေါ့

#TogetherWithKyaw" ဆိုတဲ့ စာသားလေးနဲ့အတူ ရေးတင်ထားပါတယ်။ ဒီဓာတ်ပုံအောက်မှာတော့ ကျော်ကျော်ဗိုတစ်ယောက် အမျိုးသားတစ်ဦးရဲ့ လက်ထပ်ခွင့်တောင်းတာ ခံလိုက်ရပါတယ်။

ထိုအမျိုးသားကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေတဲ့ Mikis ဖြစ်ပါတယ်။ Mikis ကတော့ ဒီဓာတ်ပုံလေးရဲ့အောက်မှာ "Can I marry you as a woman :)" လို့ comment ရေးသားခဲ့ပါတယ်။ကျော်ကျော်ဗိုကတော့ ခေါင်းခါနေတဲ့ အရုပ်ပုံလေးနဲ့ reply ပြန်ထားတာတွေ့ရပါတယ် ပရိသတ်ကြီးရေ....

Source: Kyaw Kyaw Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။