မော်ဒယ် သရုပ်ဆောင် အဆိုတော်ဝါဆိုမိုးဦးတစ်ယောက် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရား ဖူး ရောက်နေတာပဲဖြစ်ပါတယ်။ တောင်ကြီးကနေအပြန် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော် ကို ဝင်ရောက်ဖူးမျှော်တာဖြစ်ပါတယ်။ အရင်ကရုပ်ရှင် Video ဇာတ်ကားတွေမှာ အတွေ့ များရတဲ့ သူမက တော့ ခုနောက်ပိုင်းမှာ သီချင်းတွေဆိုဖြစ်နေတာကိုပဲတွေ့ရပါတယ်။ သူမက လည်း အသက်ငယ်ငယ်နဲ့ အောင်မြင်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမက Snare အဖွဲ့က ဖြိုးလေးနဲ့ မေတ္တာမျှနေကြတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ အချစ်ရေးကလည်း အဆင်ပြေပြေဖြတ်သန်း နေပါတယ်။

အမြဲတတွဲတွဲရှိတတ်တဲ့ သူမတို့ချစ်သူနှစ်ဦးက ဒီတစ်ခေါက်မှာလည်း အတူတူခရီးသွားခဲ့ တာဖြစ်ပါတယ်။ တောင်ကြီးရဲ့စည်ကားလှတဲ့ တန်ဆောင်တိုင်ပွဲတော်ကို အတူတူဆင်နွှဲကြ တာဖြစ်ပြီး အပြန်မှာကျိုက်ထိုမြို့သို့ဝင်ကာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီကို ဖူးတွေ့ကြ တာ ပဲဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ ချစ်သူဘဝရဲ့ခရီးသွားပုံရိပ်လေးတွေပါ။ နှစ်ယောက်အတူ အမြဲတမ်းဆိုတော့ အချစ်တွေလည်း ပိုပိုပြီးတိုးလာတာပေါ့နော်။

သူမရဲ့ “ မိုက်လားပြောကြည့် ” ဆိုတဲ့အခွေလေးဟာလည်း ထွက်ရှိထားပြီဖြစ်ပြီး အောင်မြင်မှု တွေလဲ ရရှိနေတာဖြစ်ပါတယ်။ ဒီအခွေလေးမှာ ဖြိုးလေးနဲ့ တခြားအဆိုရှင်တွေက ကူညီျပီး Featuring လုပ်ပေးထားကြတာဖြစ်ပါတယ်။ အတွဲညီတဲ့အဆိုတော်ချစ်သူစုံတွဲပါပဲနော်။ သူတို့ နှစ်ဦးရဲ့ မိသားစုနဲ့အတူ သွားရောက်လည်ပတ်တဲ့ ခရီးသွားပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။