နို၀င်ဘာ ရ ရက်နေ့မှာမွေးဖွားတဲ့ အဂါင်္သား သားသားလေးမှာ ထူးခြားချက်ကလေးတစ်ခုကို သတိထားမိတယ်လို့ မိခင်ဖြစ်သူ သင်ဇာနွယ်ဝင်းက ဆိုလိုက်ပါတယ် ။

လွန်ခဲ့တဲ့ နှစ်က ဒီနေ့မှာပဲ ... သူမဟာ ထူးဆန်းတဲ့ အိပ်မက် တစ်ခုကို မက်ခဲ့တဲ့ အကြောင်း လူမှုကွန်ယက်မှာ ပြောပြခဲ့ဖူးပါတယ် ။ အိမ်မက်ကတော့ ... 

" အိပ်မက်ထဲမှာ ရွှေသားအတိပြီးနေတဲ့ သင်းခွေချပ်ကြီးက ဘုရားစင်ခေါင်းရင်း အပေါ်ကနေဆင်းလာတယ် ပြီးတော့အိမ်အနှံ့ သွားနေတယ်လို့မက်တယ်

ကောင်းတဲ့အိပ်မက်လား မကောင်းတာလား

ဘာအဓိပ္ပါယ်လဲသိရင်ပြောပေးပါလား

အရမ်းထူးဆန်းလို့ " လို့ သူမကမေးမြန်းခဲ့တာပါ ။ 

ထိုအိပ်မက်မက်တဲ့ နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ

တစ်နှစ်တိတိကြာအပြီး ဒီနေ့မှာ သားလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ် ။ သားလေးကတော့ လာခြင်းကောင်းတဲ့ ကလေးလေးပါပဲ ။

မိဘတွေအတွက် အကျိုးပေးမယ့် သားကောင်းရတနာလေးဖြစ်လိမ့်မယ်လို့ ပရိတ်သတ်တွေကဆိုနေကြတာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Thin Zar Nwe Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။