လေးနှစ်သမီးအား အဓမ္မပြုကျင့်သတ်ဖြတ်သူကို လူပုံအလယ်တွင် ကွပ်မျက် 

ဘိုလီးဗီးယားနိုင်ငံမှာ ၄ နှစ်အရွယ် ကလေးငယ်တဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတဦးကို စိတ်ဆိုးဒေါသထွက်နေကြတဲ့ လူအုပ်စုကြီးက ကွပ်မျက် အဆုံးစီရင်ခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်ဟာ ခုသီတင်းပတ်အစောပိုင်းတုန်းက ဘိုလီးဗီးယားနိုင်ငံမြောက်ပိုင်း၊ ရေးစ်မြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး သံသယရှိသူ အမျိုးသားကို ရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်ခဲ့ချိန်မှာ ဒေါသထွက်နေကြတဲ့ လူအုပ်စုကြီးတစုက ခုလို လုပ်ခဲ့ကြတာပါ။

အဲဒီလူအုပ်စုကြီးဟာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်မှာကိုတောင် မစောင့်ဆိုင်းနိုင်ကြတော့ဘဲ အဆိုပါအမျိုးသားကို အချုပ်ခန်းထဲကနေ ဆွဲထုတ်ခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ လမ်းမတလျှောက် မြေပြင်ပေါ်မှာ တရွတ်တိုက် ဆွဲခေါ်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

အဲဒီအချိန်မှာ အင်အားချင်းမမျှတဲ့အတွက် ရဲတွေကလည်း ဘာမှမတတ်နိုင်ဘဲ ရှိနေခဲ့ကြကာ လူအုပ်စုကြီးဟာ အဆိုပါအမျိုးသားကို ကန်ကျောက်ရိုက်နှက်ခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ သစ်ပင်မှာချည်နှောင်ကာ အဆုံးစီရင် ကွပ်မျက်ပစ်လိုက်ကြတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်မှာ ပါဝင်ကြတဲ့ လူအုပ်စုကြီးထဲက ဘယ်သူတဦးတယောက်ကိုမှ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် လူမှုကွန်ရက်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်နဲ့ ဒေသခံတွေဆီကတဆင့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။

အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်ဟာ အဲဒီဒေသခံမဟုတ်ဘဲ အဖွားဖြစ်သူရဲ့ နာရေးအတွက် မိဘတွေနဲ့အတူ ရောက်လာခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ သတင်းကဆိုပါတယ်။

လက်ရှိမှာတော့ သေဆုံးသွားခဲ့တဲ့ အဆိုပါအမျိုးသားရဲ့ အလောင်းကိုရော ၄ နှစ်သမီးရဲ့ အလောင်းကိုပါ မြို့တော် လာပါ့ဇ်အနီးက ပါလော့စ် ဘလဲန်ကိုစ်ဒေသဆီ ရွှေ့ပြောင်းထားခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးသွားမယ်လို့ မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အထူးရဲတပ်ဖွဲ့မှ ဒါရိုက်တာ အိုင်ဗဲန် ဇမ်ဘရာနာက ဒေသတွင်း သတင်းမီဒီယာတွေကို ပြောပါတယ်။

Source: DVB News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။