မအေးသောင်းဆိုတာ ပရိတ်သတ်တွေရဲ့အသည်းစွဲဆိုတာ ပြောစရာမလိုအောင် အားလုံးသိပြီး ဖြစ်မှာပါ။ သူမရဲ့တည်ငြိမ်ရင့်ကျက်တဲ့အလှတစ်ရားနဲ့ လိုက်ဖက်လှတဲ့ မြန်မာဝတ်စုံလေး တွေကို ဆင်မြန်းထားတဲ့အချိန်တွေတိုင်း ပရိတ်သတ်တွေရင်ကို ဆွဲကိုင်လှုပ်ခါနိုင်သူလေးပါ ပဲ။ သူမရဲ့ချစ်စ ဖွယ်အပြုံးလေးနဲ့ တည်ငြိမ်တဲ့အလှတရားတွေကြောင့် ပုရိသတွေတော်တော် များများ ဝန်းရံခံနေရ သူလေးပါပဲ။ သူမငယ်စဉ်ကတည်းက အနုပညာလောကမှာ ကျင်လည် ခဲ့ပြီး အေးဝတ်ရည်သောင်း ရယ်လို့ လူသိများခဲ့သူပါ။

အနုပညာလောက ကနေ ခေတ္တအနားယူပြီး ယခုလိုပြန်လည်ထွန်းတောက်လာချိန်မှာ တော့ သူမက အသက် ၃၀ စွန်းစွန်းဖြစ်နေပြီဖြစ်လို့ တည်ငြိမ်ရင့်ကျက်တဲ့အလှတရားနဲ့ ပရိတ် သတ်တွေကို ထပ်မံ ဖမ်းစားလိုက်ပြန်ပါတယ်။ အေးဝတ်ရည်သောင်းဘဝကနေ အေးသောင်း ဘဝကို ကူးပြောင်းချိန်မှာ သူမရဲ့အလှတရားတွေလည်း ပိုမိုပေါ်လွင်ပြီးတောက်ပလာခဲ့ပါ တယ်။ ချစ်သူခင်သူ အားပေးသူ ပရိတ်သတ်တွေပေါများတဲ့ အပျိုကြီးမအေးသောင်းတစ် ယောက် ဘယ်တော့လက်ထပ်မယ်ဆိုတာ မသိရသေးပေမယ့် သူမမှာတော့ ချစ်ရမယ့်သူ ရှိနေပြီဆိုတာ ပရိတ်သတ်တွေကို အသိပေးထားပါတယ်။

သူမရဲ့ချစ်သူမည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ အတိအလင်းဖော်ပြခြင်းမရှိသေးပါဘူး။ ဒီတစ်ခေါက်မှာလည်း သူမက ရိုးသားပွင့်လင်းတဲ့ တောသူမလေးတွေရဲ့အလှအပကို ဖော် ကျူးထားတဲ့ဝတ်စုံလေးကို ဝတ်ဆင်ပြီး “ ဘာမှမရောတဲ့ ယောသူစစ်စစ် ” ဆိုတဲ့ Caption လေးနဲ့တွဲပြီး တင်လိုက်တာဖြစ်ပါတယ်။ တကယ့်ကိုသဘာဝဆန်ဆန်နဲ့ လှလွန်းနေတဲ့ မအေး သောင်းပါပဲ ပရိတ်သတ်ကြီးရေ။ သူမရဲ့ အရိုးရှင်းဆုံးအလှတရားတွေကို ဖော်ပြပေးလိုက်ပါ တယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။