အဆိုတော်ရဲရင့်အောင်ဆိုရင် လူငယ်ပရိတ်သတ်အခိုင်အမာရရှိပြီးသား အဆိုတော်တစ်ဦးဖြစ်သလို သူ့ရဲ့ သီချင်းတော်တော်များများဟာလည်း ပရိတ်သတ်တွေကြားထဲရေပန်းစားတဲ့သတင်းတွေဖြစ်ခဲ့ပါတယ် ။ ဆယ်လီတစ်ဦးပီပီ သူ့ရဲ့ အနုပညာအလုပ်တွေအပြင် အပြင်က Personl Life ကိုလည်းပရိတ်သတ်တွေ အတော်စိတ်ဝင်စားကြတာတွေ့ရှိရပါတယ် ။

ချစ်သူဟောင်းနဲ့ ပြတ်စဲခဲ့ပြီးနောက်မှာ သူငယ်ချင်းလည်းဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် ဧငြိမ်းဖြူနဲ့ တွဲနေတယ်လို့ ထင်ကြေးပေးကြမှုများရှိပေမယ့် မဟုတ်သေးတဲ့အတွက် သူတို့နှစ်ယောက်က ငြင်းဆိုခဲ့ပြီးနောက်ပိုင်းမှာမှ တကယ်တွဲဖြစ်ခဲ့တာလို့ အင်တာဗျူးတစ်ခုမှာဖြေဆိုထားဖူးပါတယ် ။ ယခုလက်ရှိမှာတော့ ရဲရင့်အောင်နဲ့ သူ့ချစ်သူ ဧငြိမ်းဖြူတို့ဟာ လူငယ်ဘာသာဘာဝ ချစ်သူဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေကြတာဖြစ်ပါတယ် ။ 

ဆယ်လီတွေလဲ သာမန် ချစ်သူတွေလို အတူတူကုန်ဆုံးခဲ့ကြတဲ့ အချိန်တွေကို အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်ထားဖြစ်ကြတာပါပဲ ။ ခုသူတို့ရဲ့ အတူပျော်ရွှင်နေတဲ့အခိုက်အတန့်လေးတွေကို ပုံလေးတွေထဲကနေ ဝေမျှခံစားဖို့ စုစည်းဖော်ပြပေးလိုက်ပါတယ်နော် ... 

သတင်းအရင်းမြစ် A Nyein Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။