အဆိုတော်သရုပ်ဆောင်ရွှေထူးတစ်ယောက် ပရိတ်သတ်တွေကို တောင်းပန်စကား ဆိုလိုက် ပါတယ်။ အဆိုလောကမှာ အောင်မြင်မှုများရရှိနေပြီး ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ ရွှေထူးဟာ သူ့ရဲ့ခြေ လှမ်းသစ်လို့လည်းဆိုနိုင်တဲ့ သရုပ်ဆောင်ဖက်ကို ကြိုးစားလာတာကို တွေ့ရပါတယ်။ သီချင်း MTV တွေမှာပဲ သရုပ်ဆောင်တာကိုတွေ့ရတတ်တဲ့ အဆိုတော်ရွှေ ထူးကို ရုပ်ရှင်ပိတ်ကားပေါ်မှာ မကြာခင် မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ သူကိုယ်တိုင်က လဲ စိတ်လှုပ်ရှားနေပါတယ်လို့ ဆိုပါတယ်။ ဘယ်လို ဝေဖန်မှုမျိုးကိုမဆို လက်ခံပြီးပြုပြင် ပါ့မယ်လို့လည်းဆိုပါတယ်။ ပရိတ်သတ်စကားကိုအလေးထားတဲ့ အနုပညာရှင်တစ်ယောက် ပါပဲ။

ရွှေထူးအနေနဲ့ သူ့ရဲ့ Page မှာ အခုလိုစာတိုလေးကိုတင်ပြီး ပရိတ်သတ်ကို ရင်ဖွင့်ခဲ့ပါတယ်။ ပက်ပက်စက်စက်ညို့ ၁၇.၁၁.၂၀၁၇ မှာစတင်ရုံတင်ပါတော့မယ်။ ကျွန်တော့်ရဲ့ နောက်ထပ် ကြိုးစားမှုတစ်ခုပါ။ ရင်ခုန်တာထက် စိုးရိမ်စိတ်တွေပဲဖြစ်တယ်။ ကျွန်တော့်ကြောင့် ရုပ်ရှင် ရသပျက်မှာကိုစိုးရိမ်တယ်။ ကျွန်တော် ချွတ်တားဘဝတည်းကကြည့်ခဲ့ဖူးတဲ့ တစ်အိမ်သား လုံးလဲ သဘောကျရတဲ့ ပရိသတ်တွေချစ်ကြတဲ့ မင်းသားကြီး တစ်ယောက်နဲ့သရုပ်ဆောင်ရ တာ တကယ့်ကိုကျွန်တော့် အတွက်ခက်ခဲလွန်းခဲ့ပါတယ်။ လိုအပ်ချက်တွေ အများကြီးကိုရှိ ပါတယ်။ အထူးသဖြင့် ကျွန်တော့ကြောင့် ရုပ်ရှင်တစ်ကားအရသာပျက်မှာ အရမ်းကိုစိုးရိမ် လှပါတယ်။ လိုအပ်ချက်များစွာကိုထောက်ပြပေးပါ ဝေဖန်ပေးပါ အကဲဖြတ်ပေးပါ မည်သည့် ဝေဖန်ချက်မျိုးကိုမဆို ကျွန်တော်ကြိုဆိုပါတယ်ခင်ဗျာ။ အမှားယွင်းများရှိခဲ့လျှင် ရုပ်ရှင် ချစ်ပရိသတ်များအားလုံးကို ကြိုတင် တောင်းပန်ပါရစေခင်ဗျာ။

လေးစားစွာဖြင့်

ရွှေထူး ဆိုပြီးစာစုလေးတင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို 7 Sense Film Production က ထုတ်လုပ်ရိုက်ကူးတာဖြစ်ပြီး ဒါရိုက်တာက တော့ သားညီဖြစ်ပါတယ်။ မင်းသားနေတိုးနဲ့အတူ ရွှေထူးနဲ့ မင်းသမီးမိုးစက်ဝိုင်တို့က အဓိက ဇာတ်ဆောင် တွေအဖြစ်နဲ့ပါဝင်ရိုက်ကူးထားကြတဲ့ Drama ဇာတ်လမ်း ပဲဖြစ်ပါတယ်။ ရွှေထူး အနေနဲ့ သူ့ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့် စိတ်လှုပ်ရှားပြီး စိုးရိမ်မှုတွေ များနေပုံပါပဲ။ ပရိတ်သတ်အတွက် တောင်းပန်စာကို Facebook ပေါ်မှာ ရေးသားပြီး တောင်း ပန်ထားပါသေးတယ်။ ပရိတ်သတ်ကြီးက လည်း ကိုရွှေထူးစိတ်သက်သာရာရသွားအောင် ဆုတောင်းစကားလေးတွေပြောပေးခဲ့ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။