ပရိတ်သတ်ရဲ့အချစ်တော်တော်များများကိုရရှိထားပြီး ချစ်စရာကောင်းတဲ့အပြုံးနဲ့ ဖြူစင်တဲ့မျက် နှာထားပိုင်ရှင် ထပ်ဆင့်အကယ်ဒမီဆုရှင် ဖွေးဖွေးတစ်ယောက် လတ်တလောမှာတော့ ဂန့်ဂေါမှာရုပ်ရှင်သွားရောက် ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက သူမရဲ့ ခန္တာကိုယ် အလေးချိန်တွေ တက်လာတာကို ပရိတ်သတ်တွေက ဝေဖန်မှုတွေရှိခဲ့တာ ကြောင့် ဖွေးစိန်တစ်ယောက် ဝိတ်တွေအသည်းအသန်ချပြီးတဲ့နောက် အရင်ထက် လှပ ကျော့ရှင်းတဲ့ Body Shape လေးတစ်ခုကို ပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။

သူမကပိန်ပြီးလှသွားသည့်တိုင် ပြည်သူချစ်မင်းသမီးတစ်ဦးဖြစ်နေတာရယ် ပြန်မဝလာစေရန် ကြောင့် အမြဲလိုလိုလေ့ကျင့်ခန်းလေးတွေလုပ်ဖြစ်ပါတယ်။ ဂန့်ဂေါမြို့မှာအားကစားရုံ (Gym) ရှားပါးတာကြောင့် သူမဟာပြေးစက်လေးပေါ်ပြေးချင်တာတောင် အခက်အခဲတွေနဲ့ မပြေးနိုင် ဖြစ်ခဲ့ရပါတယ်။ ဒီလိုအခက်အခဲတွေကို ကူညီတတ်တဲ့ ဂန့်ဂေါသူဂန့်ဂေါသားတွေက ဖြေရှင်း ပေးလိုက်ပါတယ်။ ဒါကတော့ သူမပြေးချင်တယ်ဆိုတဲ့ ကျန်းမာရေးပြေးစက်လေးကို သူမအ တွက် လာပေးသွားတာပါပဲ။ ဖွေးဖွေးတစ်ယောက်ပျော်လွန်းလို့ ကျေးဇူးတင်စကားတွေဆိုနေ ပါတယ်။

သူမရဲ့ Facebook Page မှာလည်း Wow… Shootingကပြန်ပြန်လာခြင်း အံ့ဩသွားတယ် ဂန့်ဂေါသူ/သား တွေ တအားကူညီတတ်တာပဲ ခုလဲ ဖွေး ပြေးချင်နေတာကို ရှားပါးတဲ့ကြားက ပြေးစက်လေးမရရအောင်လာပေးတဲ့ အန်တီ ဒေါ်မိုးသူ ကို ကျေးဇူးအထူးပါလို့ အစစဂရုစိုက် ပေးတတ်တဲ့ Big Poe @ ပိုးကြီးကိုလဲ ကျေးဇူးကမ္ဘာ ပြေးပြီဟေ့! ဝှစ် ! ^___^ Love u guys... ဆိုတဲ့ချစ်စဖွယ်စကားလုံးလေးတွေနဲ့ ပြေးစက်ပုံလေးကိုတွဲဖက် တင်ထားတာဖြစ်ပါ တယ်။ ဂန့်ဂေါသူဂန့်ဂေါသားတွေ ကူညီတတ်တယ်ဆိုတာကို ဖွေးစိန်က ဒီ Post လေးနဲ့ သက် သေပြလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။