အိန္ဒိယနိုင်ငံ ရဲ့ မြို့တော် ဒေလီမှာ အဆိပ်မြူခိုးတွေ ပျံ့နှ့ံနေတာကြောင့် အာဏာပိုင်တွေ အနေနဲ့ ကျောင်းတွေကို ပိတ်ထားဖို့ နဲ့ လေကြောင်းလိုင်းတွေကို ရွေ့ဆိုင်းဖို့ စီစဉ်နေပါတယ်။ ဒေလီမြို့ ၀န်ကြီးကတော့ မြို့တော်ဟာ ဓာတ်ငွေ့အလုံပိတ်ခန်းလိုဖြစ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေသခံတစ်ဦး ကပြောကြားရာမှာ ယခုအခြေအနေ ဟာ ဒေသတွင်း မှာ ဆိုးရွားတဲ့ ကျန်းမာရေး ထိခိုက်မှုတွေကို ဖြစ်ပေါ်စေတယ် လို့ပြောကြားခဲ့ပါတယ်။

ယခုလို မြူခိုးတွေ ဖုံလွှမ်းမှု ဟာ ယခုမှ တော့ မဟုတ်ပါဘူး။ ယာဉ်များမှ ကာဗွန်ထုတ်လွှင့်မှု များနဲ့ ဒေဝါပလီပွဲတော် ကျင်းပစဉ် ဗြောက်အိုးများမှ မီးခိုးငွေ့များကြောင့် နှစ်စဉ် မြို့တော်ဒေလီမှာ မြူခိုးများ ဖုံးလွှမ်းနေကြပါ။ ဒီနှစ်ပိုင်းအတွင်းမှာ တော့ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ တာဝန်ရှိသူတွေက မြို့တော်ဒေလီ ၀န်းကျင်တဝို်က် ကို လေထုညစ်ညမ်းမှု လျော့ချဖို့ ကြိုးစားနေပါတယ်။ မြို့တော်ဒေလီ မှာ လူပေါငး် ၄၅ မီလီယံ နေထိုင်ကြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ တာဝန်ရှိသူများက အစိုးရ အနေနဲ့ လေထုညစ်ညမ်းနေချိန် တလျှောက် ကျောင်းတွေကို ယာယီပိတ်ထား ဖို့ ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပါတယ်။ ယခုလို လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာရခြင်းဟာ ယာဉ်များမှ ကာဗွန်ထုတ်လွှင့်မှု များ၊ အမှိုက်သရိုက်များ ကို မီးရှို့မှုများ၊ ကြောင့် ပိုမိုဆိုးရွား လာ ခဲ့ပါတယ်။ လေထုညစ်ညမ်းမှု လေ့လာသူ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Sarath K. Guttikunda က ကလေးတွေကို အိမ်မှာ ပဲ နေထိုင်စေခြင်းဟာ လေထုညစ်ညမ်းမှု ဒဏ်မှ ပိုမို အန္တရာယ် ကင်းစေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒေသခံ တွေကတော့ ဒီ အဆိပ်မြူခိုး တွေကြောင့် စိုးရိမ်နေကြပါတယ်။

Source: The New York Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။