ကိုစီရယ်နီကတော့ ဘောလုံးလောကရဲ့ ထိပ်တန်းနောက်ခံလူတွေထဲက တစ်ယောက်ပါပဲ။ ကိုစီရယ်နီက အာဆင်နယ်ရဲ့ အားထားရတဲ့ နောက်ခံလူပါ။ ဒါ့အပြင် မိခင်ပြင်သစ်အသင်း၏ အားကိုးရသူတစ်ယောက်လည်းဖြစ်ပါတယ်။ ကိုစီရယ်နီကတော့ လက်ရွှေးစင်ဘဝနှင့်ပတ်သတ်ပြီး ပြောဆိုသွားပါတယ်။

ဒါကတော့ ကိုစီရယ်နီသည် ၂၀၁၈ကမ္ဘာ့ဖလားပြိ်ုင်ပွဲပြီးပါက လက်ရွှေးစင်ဘဝကနေ အနားသွားမှာဖြစ်ပါတယ်။ ကိုစီရယ်နီကတော့ အသက်က ၃၂နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ပြင်သစ် သတင်းစာ L'Equipe နဲ့ အင်တာဗျူးမှာတော့ ကိုစီရယ်နီက " အရာရာတိုင်းမှာ အဆုံးသတ်ဆိုတာ ရှိစမြဲပါပဲ။ ကမ႓ာ့ဖလားအပြီးဆိုရင် ကျနော့်အသက်က 33 နှစ်တောင် ရှိနေပြီလေ။ ဒီအချိန်ဟာ လူငယ်လေးတွေအတွက် နေရာဖယ်ပေးရတော့မယ့် အချိန်ပါ။”လို့ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ကိုစီရယ်နီက “အခု ကျနော့်မှာ ပြင်သစ်အတွက် ကစားပေးဖို့ 6 လ လောက်ကျန်သေးပါတယ်။ ဒီကြားထဲမှာ ကျနော့် ဇနီးပြောသလို အမှတ်တရ အခိုက်အတန့်တွေ အများကြီးဖြစ်အောင် ဖန်တီးသွားချင်ပါတယ်" လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ကိုစီရယ်နီဟာ ပြင်သစ်အသင်းအတွက် 2011 ခုနှစ်မှာ စတင်ပွဲထွက် ကစားပေးခဲ့ပြီး စုစုပေါင်း 49 ပွဲအထိ ကစားထားပေးပြီးပြီဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံလက်ရွေးစင်ဘဝ ပထမဆုံးဂိုးကိုတော့ 2016 ခုနှစ် စကော့တလန်နဲ့ ကစားတဲ့ပွဲမှာ စတင်သွင်းယူပေးနိုင်ခဲ့တာပါ။

Source – Goal.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။