မန်စီးတီးကတော့ ဒီရာသီမှာ အမှတ်ပေဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် မန်စီးတီးက ရှုံးပွဲလည်းမရှိသေးပါဘူး။ ဂိုးတွေကလည်း တဒိုင်းဒိုင်း သွင်းယူနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို ၃-၁ ဖြင့်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် စပါးအသင်းရဲ့နောက်ခံလူ ဒန်နီရို့စ်က မန်စီးတီးကို အမီလိုက်မယ်လို့ ကြုံးဝါးလိုက်ပါတယ်။ Sky Sports နဲ့ အင်တာဗျူးမှာတော့ ရို့စ်က " ကျနော်ကတော့ သူတို့အခုလို စွမ်းဆောင်ပြနေတာကို မအံ့သြပါဘူး။ ဟုတ်တယ်လေ သူတို့ အပြောင်းအရွှေ့ကာလမှာ သုံးစွဲခဲ့တဲ့ပမာဏကို ကြည့်လိုက်ရင် ဒါဟာ အံ့သြစရာ ကိစ္စမဟုတ်ပါဘူး။ ပြီးတော့ နိုဝင်ဘာလလောက်နဲ့ ဘာဖလားမှ မရနိုင်ဘူးဆိုတာလဲ ခင်ဗျားတို့ သိပြီးသားလေ။” လို့ပြောခဲ့တာပါ။

ဒန်နီရို့စ်က “ကျနော်တို့ကလဲ သူတို့ကို စိန်ခေါ်နိုင်ဖို့ ဆုံးဖြတ်ပြီးသားပါ။ ဒီဇင်ဘာလ လယ်လောက်မှာ သူတို့အသင်းနဲ့တွေရင် ဘယ်လိုကစားပြရမယ်ဆိုတာလဲ သေချာ ပြင်ဆင်ထားပြီးပါပြီ။ စပါးအသင်းရဲ့ ပစ်မှတ်ကိုက ပြီးခဲ့တဲ့ရာသီကထက်ပိုပြီး နောက်တစ်ဆင့်ကို တက်လှမ်းချင်တာလေ။ ဒါကဘာလဲဆိုတော့ ကျနော်တို့က အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာရပ်တည်ရင်း ရာသီကုန်ဆုံးချင်တာပါ။ နည်းပြကြီးရဲ့ စိတ်ဓါတ်ကလဲ ပြင်းထန်ပြီးသားမို့လို့ မန်စီးတီးသာ ခြေချော်လာခဲ့ရင် ကျနော်တို့က သူတို့ကို ဖိအားတွေ ဆက်တိုက်ပေးသွားဖို့ အသင့်ပါပဲ" လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Source – Sky Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။