သူမဟာ အသက် ၃၁ နှစ်သာရှိပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးသကာလမှာ သူမအသက်နှစ်ဆလောက်ရှိတဲ့ အဘိုးအို နှင့် လက်ထပ်ခဲ့တာဖြစ်ပါတယ်။....

သူမဟာ တရားထိုင်ခြင်း၊ ဘုရားစာတွေ ရွတ်ဆိုခြင်းက သူမရဲ့ ချစ်သူဖြစ်တဲ့ အသက် ၇၀ ကျော် အဘိုးကို ရှာတွေ့ခဲ့တဲ့ နေရာမှာ အထောက်အကူ အများကြီးပေးခဲ့တယ်လို့ဆိုပါတယ်။ သူမရဲ့ နာမည်ဟာ 'Nong Nat' လို့ခေါ်ပြီး Tokyo Heart ၊ Asian Hunter စတဲ့ ကားတွေရဲ့ ခေါင်းဆောင်အဖြစ်လဲပါဝင်ခဲ့ပြီး အခုတော့ သူမရဲ့ အရင် အလုပ်ကနေ နှုတ်ထွက်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမဟာ အင်ဂျင်နရာ ဖြစ်တဲ့ Harold Jennings Nesland Jr. ဆိုတဲ့သူနှင့် လက်ထပ်ခဲ့တာပါ။ သူမကတော့ Kejsarin Chaichalermphol ဆိုတဲ့နာမည်ကိုပြောင်းပြီး ဘဝ အသစ် ကို နေထိုင်နေတဲ့ သူတစ်ယောက်ပါ။ ဘာသာရေးကို ပိုအားစိုက်ပြီး ပြုလုပ်လာတဲ့ အခါမှာ သူမ အတွက်ကောင်းတဲ့ အချက်တွေ အများကြီးရခဲ့တယ်လို့ဆိုပါတယ်။ 'တရားထိုင်ခြင်း၊ လှူဒါန်းခြင်း၊ ဘုရားစာရွတ်ဆိုခြင်း' စတဲ့ အရာတွေ က သူမ အဖေအရွယ်လောက်ရှိတဲ့ ချမ်းသာတဲ့ခင်ပွန်းကို ရှာတွေ့စေတဲ့ အကြောင်းအရင်းတွေ ဆိုပြီးလဲပြောခဲ့ပါတယ်။

သူမဟာ 'ကျွန်မခင်ပွန်းစီ က သူ့ရဲ့ ကြင်နာမှု၊ ဂရုစိုက်မှုတွေနှင့် အတူ လစဉ်သုံးဖို့ စရိတ်ပေးရုံသာမက ယခုဆိုရင် ပိုက်ဆံ အပိုတောင် ထပ်ပေးသေးတယ်' ဆိုပြီး South West News Service ကိုဖြေကြားခဲ့ပါတယ်။ 'သူဘဏ်ကနေ ဘယ်လောက်ပဲ ပိုက်ဆံထုတ်ထုတ်၊ ထုတ်တဲ့ ပိုက်ဆံရဲ့ တစ်ဝက်ကို ကျွန်မကိုအမြဲပေးတယ်လေ။' ဆိုပြီးလဲပြောခဲ့ပါသေးတယ်။ 'ဆုတောင်းတာတွေ၊ ဘုရားစာရွတ်တာတွေ၊ တရားထိုင်တာတွေက ယောက်ျားကောင်းရစေတယ်လေ။' ဆိုပြီး ပြောခဲ့ပြန်ပါသေးတယ်။

သူမ က အရင်တုန်းကတော့ ခရစ်ယန်တစ်ယောက်ဖြစ်ပေမယ့် အသက် ၂၁ နှစ်လောက်မှာ ဗုဒ္ဓဘာသာကို စပြီးသိလာတယ်လို့ဆိုပါတယ်။ ယခုနောက်ပိုင်းမှာတော့ သူမအချိန်တွေတော်တော်များများကို ဘုန်းကြီးကျောင်းမှာ ဘုရားတရားလုပ်ရင်း အချိန်တွေကုန်ဆုံးပါတယ်လို့ဆိုခဲ့ပြီး သူမ အာရုံစိုက်ပြီး လုပ်သလောက် အနေနှင့် တစ်နေ့ နှင့် တစ်နေ့ပိုပြီးစိတ်ချမ်းသာပြီးပျော်ရွှင်လာတယ်လို့ဆိုခဲ့ပါတယ်။ ကံကြမ္မာဆိုတာ ဆန်းကြယ်လွန်းပါတယ်နော်....

Source : mail.online

translated by Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။