စပိန်ကလပ်ရီးရဲမက်ဒရစ်ကတော့ ဒီရာသီမှာ အသင်းကြီးတစ်သင်းအနေနှင့် ရလဒ်ဆိုးနေတယ်လို့ပြောလို့ရပါတယ်။ ရီးရဲက လာလီဂါမှာ အဆင့်၃နေရာတွင်သာရပ်တည်နေတာပါ။ ဒါ့အပြင် ထိပ်ဆုံးက ဘာစီလိုနာနှင့်လည်း ၈မှတ်ထိကွာနေပါတယ်။ ဒါကတော့ လက်ရှိချန်ပီယံ ရီးရဲအဖို့ ပျော်ရွှင်စရာမဟုတ်ပါ။

ဒါ့အပြင် ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲက စပါးကိုလည်း အရှက်ကွဲရှုံးထားပါတယ်။ စပါးကို ချန်ပီယံလိဂ်မှာ ၃-၁ ဖြင့်ရှုံးခဲ့တာပါ။ ဒါ့ကြောင့် ဇီဒန်းနှင့် ရီးရဲကို ကာဆီလက်စ်က နှစ်သိမ့်စကားပြောခဲ့တာပါ။ ကာဆီးလက်စ်က ရလဒ်ဆိုးတွေဟာဇိဒန်းနဲ့ရီးရဲယ်မက်ဒရစ်ကိုပိုမိုသန်မာစေမှာပါ လို့ပြောခဲ့ပါတယ်။ 

ရီးရဲမက်ဒရစ်ဂိုးသမားဟောင်းအီကာကာဆီးလက်စ်က "စိတ်ပျက်စရာရလဒ်တွေဟာသူ့ကိုပိုပြီးသန်မာလာစေမှာပါ။ လူတိုင်းဟာရီးရဲယ်ရဲ့အမှားကိုသာစောင့်နေကြပြီးအဓိကကတော့သူတို့ဟာဘယ်သူမှအရင်ကမစွမ်းဆောင်နိုင်တဲ့ချန်ပီယံလိဂ်ဖလားကိုနှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့လို့ပါပဲ။အခုချိန်မှာတော့သူတို့ဟာလာလီဂါမှာပုံစံကောင်းပြသထားနိုင်ခြင်းမရှိသလို ချန်ပီယံလိဂ်မှာလည်းတော့တင်ဟမ်ကို၃ဂိုး၁ဂိုးနဲ့ရှုံးခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့စောင့်ကြည့်သွားရမှာပါ။ လာလီဂါမှာလည်းပွဲတွေအများကြီးကစားရဖို့ကျန်နေပါသေးတယ်။ ချန်ပီယံလိဂ်မှာလည်းတူတူပါပဲ။ အရာအားလုံးဟာဖေဖော်ဝါရီလလောက်မှသာဆုံးဖြတ်လို့ရတာပါ။" လို့ပြောသွားပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။