ပြီးခဲ့တဲ့နိုဝင်ဘာရရက်နေ့မှာတော့ကင်ရဲ့အေဂျင်စီSidusHQကအတိအလင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။သူမဟာယခုကောလိပ်ဝင်ခွင့်ကို ဖြေဆိုတော့မှာမဟုတ်ဘဲသူမရဲ့ သရုပ်ဆောင်မှုတေကိုသာပိုပြီးအားစိုက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။နောက်နှစ်ဖြေမဖြေဆိုတာကလည်းအသေအချာမပြောနိုင်သေးဘူးလို့ပြောပါတယ်။ဒါကိုတော့သူမနောက်ပိုင်းမှဘဲဆု့းဖြတ်မယ်ထင်ပါတယ်။

ကင်ဟာပြီးခဲ့တဲ့နှစ်ကတင်အထက်တန်းကျောင်းပြီးခဲ့တာလည်းဖြစ်ပါတယ်။သူမကိုကြော်ငြာတွေကတစ်ဆင့်လူသိများလာခဲ့တာ၂၀၀၃ခုနှစ်ကတည်းကဖြစ်ပြီးများစွာသောဇာတ်လမ်းတွဲတွေမှာလည်းပါ၀င်ခဲ့တာဖြစ်ပါတယ်။နာမည်ကျော်ဇာတ်လမ်းတွဲများဖြစ်ကြတဲ့“DongYi”(သားတော်အိမ်ရှေ့စံmntv)၊“AngryMom”အစရှိသောဇာတ်လမ်းတွဲများမှာကလေးသရုပ်ဆောင်အဖြစ်ပါ၀င်ခဲ့တာဖြစ်ပါတယ်။ 

ထို့နောက်တွင်ခေါင်းဆောင်မင်းသမီးအဖြစ်“MoonlightDrawnByClouds.”မှာသရုပ်ဆောင်ခဲ့ပြီးနောက်ကြည့်ရူသူများရဲ့အချစ်ခံရမှုအားပေးခံရမှုကိုပိုမိုလက်ခံရရှိခဲ့တာလည်းဖြစ်ပါတယ်။ယခုအခါမှာတော့ သူမဟာJTBCတီဗွီချန်နယ်ရဲ့မကြာခင်ရိုက်ကူးတော့မယ့်ဇာတ်လမ်းတွဲ “CleanWithPassionForNow”ခေါင်းဆောင်မင်းသမီးနေရာဖြင့်သရုပ်ဆောင်ရန်ပြောကြားထားကြောင်းသိရပါတယ်။

Source -koreaboo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။