၀လို့လှတယ် ဆိုတဲ့ စကားပဲရှိတယ်ဆိုတာ အရင်ခေတ်မှာကျန်ခဲ့ပါပြီ။

ပိန်ပိန်သွယ်သွယ် Slim Body လေးခေတ်စားလာတဲ့အချိန်မှာ ၀တဲ့သူတွေဟာ Body Shaming လုပ်ကြတဲ့ဒဏ်တွေ မခံစားနိုင်တော့တာကတစ်ကြောင်း

သူများတွေနည်းတူ ပေါ့ပါးသွက်လက်စွာ နေချင်လာတာကတစ်ကြောင်း အမျိုးမျိုးသောအကြောင်းပြချက်ကိုယ်စီနဲ့ ပြင်းပြင်းထန်ထန် ၀ိတ်ချဖို့ကြိုးစားလာကြပါတယ်။

၀ိတ်ချပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုလှောင်ပြောင်ကဲ့ရဲ့ချင်သူတွေ  ပါးစပ်မစေ့နိုင်အောင် အံ့သြရတဲ့အထိ ပိန်သွားကြတဲ့သူတွေရှိပါတယ်။

ကမ္ဘာအရပ်ရပ်က ဆယ်လီတွေလည်း   အနုပညာအလုပ်လုပ်နေရတာကြောင့် ၀ဖို့လုပ်ရသလို ပိန်ဖို့အတွက်လည်း အားကစားလုပ်အစားရှောင်ရင်း ၀ိတ်ချကြပါတယ်။

Rapper အဆိုတော် Jfire ဆိုရင် လူကြိုက်များခဲ့တဲ့သူ့ရဲ့ တပင်ရွှေထီးသီချင်းလေးကို ဆိုချိန်မှာအတော်လေးဝနေခဲ့တာပါ။ နောက်ပိုင်းမှာ gym ပုံမှန်ဆော့လိုက်တဲ့အခါ အခုလိုပဲ အဆီပိုမရှိ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နေရပါပြီ။

နောက်ထပ်နှစ်ယောက်ကတော့ အဆိုတော် ပိုပိုနဲ့ Ar T ပါ။  

၀လို့ စိတ်ဓာတ်မကျပါနဲ့ သူတို့တွေကြည့်ပြီး ယုံကြည်မှုရှိရှိကြိုးစားကြည့်လိုက်ပါ။  

Source :Cele fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။