မြန်မာနိုင်ငံ ရဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးအရအပေါ် ပြင်းထန်စွာ ဝေဖန်ရှုတ်ချတဲ့ ကြေညာချက်ကို ပြင်သစ်နဲ့ ဗြိတိန်က ကမကထပြုပြီး လုံခြုံရေးကောင်စီကို တင်ပြခဲ့တာပါ။ တင်ပြတဲ့ ဖြစ်ရတဲ့ အကြောင်းအရင်း ကလည်း ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် ၆သိန်းခန့် က နေရပ်ကို စွန်ခွာပြီး ဘင်္ဂလားဒေ့ နိုင်ငံကို ထွက်ပြေးခဲ့ရလို့ ပဲ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ က ပြင်သစ်နဲ့ဗြိတိန် ရဲ့ တင်ပြချက်အပေါ် လက်ခံခဲ့ပြီး ပြီးခဲ့တဲ့ တနလာၤနေ့က မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး အဂါၤနေ့မှာ ထုတ်ပြန်ချက်ကို ပြင်သစ်နိုင်ငံ က ထောက်ခံကြိုဆို ကြောင်း ကြေညာခဲ့ပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုက္ခသည်တွေ မိမိဆန္ဒအလျှောက် နေရပ်ပြန်လာနိုင်ရေး၊ သူတို့ကို လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ခွင့်ပြုရေး၊ လူ့အခွင့်အရေးချိုးဖေါက်သူတွေကို အရေးယူရေးနဲ့ ကိုဖီအာနန် ဦးဆောင်အဖွဲ့ရဲ့ အစီရင်ခံစာပါအချက်တွေကို အကောင်အထည်ဖေါ်ရေး စသဖြင့် ပါဝင်တဲ့ ကြေညာချက်ကို လုံခြုံရေးကောင်စီက အခုလို ထုတ်ပြန်နိုင်ခဲ့တာဟာ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝန်း က ပြတ်သားခိုင်မာစွာ အသိပေးလိုက်တာဖြစ်ကြောင်း ပြောပါတယ်။

ကုလသမဂ္ဂမှ ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာအစိုးအနေနဲ့ လက်မခံနိုင်ကြောင်းကို သတင်းပြန်လည် ထုတ်ပြန်ခဲ့ပြီး၊ ထုတ်ပြန်ချက်ဟာ မြန်မာ ဘင်္ဂလားဒေ့ နှစ်နိုင်ငံ လုပ်ငန်းဆောင်တာ များကို ပျက်စီး စေနိုင်မည့် အန္တရာယ် ရှိကြောင်း ပြောပြခဲ့ပါတယ်။ 

Source – RFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။