ထိုင်းနိုင်ငံ၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော အိမ်အကူ မြန်မာအမျိုး သမီးအမှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ကအခင်းဖြစ်ပွားသည့်နေအိမ်ကိုနိုဝင်ဘာ၇ရက်တွင်ပြန်လည်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။အိမ်အကူ အသက်(၁၇)နှစ်အရွယ် မညိုညိုအေး သေဆုံးခဲ့တဲ့ နေအိမ်ကို ပြန် လည်စစ်ဆေးရာတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့်အချက်များကိုထိုင်းရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ကြောင်းသွားရောက်စစ်ဆေးရာတွင်ထိုင်းရဲတပ်ဖွဲ့နှင့်အတူ လိုက်ပါသွားတဲ့ ဒီအမှုကိုအမှုမှန်ပေါ်ပေါက်စေရန်ကူညီဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောပါတယ်။အခင်းဖြစ်ပွားစဉ်ကအသုံးပြုခဲ့တဲ့ သေနတ်ဟာ ထိုင်းအိမ်ရှင်ရဲ့ အိမ်အပေါ်ထပ် ဗီရိုထဲတွင်ထားရှိထားတာဖြစ်ပြီး ကျည်ဆန်ပစ်ချက်တစ်ခုဟာ ဘေး အိမ်၏ ခြံစည်းရိုးကို ထိမှန်ထားသလို နောက် ထပ်ကျည်ဆန်တစ်ခုသည် အိမ်အတွင်းရှိ မှန်ပေါင်တစ်ခုကို ထိမှန်ခြင်းတို့ကို တွေ့ရှိ ရပါတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

ဆက်လက်ပြီး ‘‘ပထမ ထိုင်းရဲတွေ ပြောထားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ပေါ့။ ထိုင် လျက်အနေအထားနဲ့ နှစ်ချက်ပစ်ပြီး သတ်သေတာလို့ ပြောခဲ့တာ။ အခုအနေအထား က ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျည်ထွက်တဲ့ အနေအထားဖြစ်နေတယ်။ အခုတော့ ထိုင်းရဲတွေက ကိုယ့်ကိုယ်ကိုယ်သတ်သေတာလို့တော့ မပြောတော့ဘူး။ ဆေးရုံက ဆေးစစ် ချက်အဖြေပဲ စောင့်မယ်လို့ ပြောတယ်’’ဟု ကိုရဲမင်းက ပြောကြားသည်။အခင်းဖြစ်ပွားခဲ့တဲ့ နေအိမ်ကို မနေ့က စစ်ဆေးအပြီး တွင် သေဆုံးသူရဲ့မိသားစုဝင်များ က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်ပြီး သံအမတ်ကြီး နှင့် တွေ့ဆုံကာ အကူအညီပေး ရန် တောင်းဆိုခဲ့တယ်လို့ AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ဆက်လက်ပြောကြားသည်။ 

ထိုင်းလူမျိုးအိမ်ရှင်ထံတွင် အိမ်အကူအလုပ် လုပ်ကိုင်စဉ် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့တဲ့မညိုညိုအေးရဲ့ရုပ်အလောင်းကို ဂူသွင်းမြှုပ်နှံထားရာ ယခုအခါ အ လောင်းကို ပြန်လည်စစ်ဆေးရန် ထိုင်းနိုင်ငံမှုခင်းတိုက်ဖျက်ရေး အထူးရဲအဖွဲ့ (CSD)က နိုဝင်ဘာ၂ ရက် ညနေတွင် ပြန်ဖော်ခဲ့တာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံ ရာ့ချ်ပူရီခရိုင် ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုးအိမ် ရှင်ထံ အိမ်အကူအလုပ်လုပ်ကိုင် နေသော မညိုညိုအေးဟာပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ညက သေနတ်ဒဏ် ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ပြီး သုံး ရက်အကြာတွင် ဂူသွင်းခဲ့တယ်လို့သိရပါတယ်။သေဆုံးသူ မညိုညိုအေးဟာထိုင်းအိမ်ရှင်ရဲ့အိပ်ခန်းအတွင်း သေဆုံးနေတာဖြစ်ပြီး အဲ့ဒီသေဆုံးမှုဖြစ်ရပ်ကို ထိုင်းနယ်မြေခံ ရဲတပ်ဖွဲ့က သေကြောင်းကြံစည် မှုအဖြစ် သတ်မှတ်ကာ အမှုပိတ် သိမ်းခဲ့တာပဲဖြစ်ပါတယ်။

ယင်းဖြစ်ရပ်ကို ကူညီပေး နေတဲ့ AAC မဟာမိတ်အဖွဲ့က လဲမညိုညိုအေး သေဆုံးတဲ့ အမှု ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ထိုင်းနိုင်ငံအမျိုးသား မှုခင်းစစ်ဆေးရေးဌာန ဥက္ကဋ္ဌ ဒေါက်တာဖွန်သစ်ထံ သွားရောက် အကူအညီတောင်းခံရာ ဒေါက် တာဖွန်သစ်က သေနတ်ဒဏ်ရာ သည် သေကြောင်းကြံစည်မှု မဟုတ်ကြောင်း ပြောဆိုခဲ့ရာမှ အမှုကို ပြန်လည်စစ်ဆေးပေးရန် အောက်တိုဘာ ၃၁ ရက်က တောင်းဆိုခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ မှုခင်း တိုက်ဖျက်ရေး အထူးအဖွဲ့ (CSD)က ရုပ်အလောင်းကို ပြန်လည်တူး ဖော်ပြီး စစ်ဆေးရန် ဆောင်ရွက် ခဲ့တာပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ကိုရဲမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။