ယနေ့ခေတ်မှာမဖြစ်နိုင်ဘူးဆိုတာတွေဟာအမှန်ကိုဖြစ်လာတာများပါတယ်။ အထူးသဖြင့်တေလာဆွစ်ဖ်အတွက် ဆိုရင် မဖြစ်နိုင်တဲ့ဟာသတွေဟာ ပိုပိုပြီးဖြစ်လာလေ့ရှိပါတယ်။ The Victoria's Secret Show မှာတေလာဆွတ်ဖ်ဟာ သူမရဲ့ရန်သူတော်တွေဖြစ်ကြသော ကေတီပယ်ရီ နှင့် ဟာရီ စတိုင်တို့နှင့်အတူ သီဆိုရမှာဖြစ်ပါတယ်။ 

အဆိုပါပွဲကိုသီဆိုဖိုကအတွက် ကေတီ ဟာ The Victoria's Secret ထံသို့ ရှန်ဟိုင်းတွင်ကျင်းပမယ့် The Victoria's Secret Show ပွဲမှာသီချင်းဆိုခွင့်တောင်းတဲ့စာပေးခဲ့တယ်လို့ထင်ရပါတယ်။အဆိုပါ The Victoria's Secret Show ပွဲကို ယခုနှစ်ရဲ့လာမည့်နှစ်ပတ်အတွင်း ရှန်ဟိုင်းမှာကျင်းပမှာဖြစ်ပါတယ်။ကေတီပေးပို့တဲ့စာဟာ အမှန်တကယ်သာခွင့်ပြုချက်တောင်းခံတဲ့စာသာဖြစ်မယ်ဆိုရင်ဖြစ်မယ်ဆိုရင်တော့ကေတီဟာTheVictoria'sSecretShowမှာဒုတိယအကြိမ်မြောက်ပါ၀င်သီဆိုတာလည်းဖြစ်ပါတယ်။ 

သို့သော်တေလာဆွစ်ဖ်အတွက်တော့TheVictoria'sSecretShowမှာပါ၀င်သီဆိုတာကြာနေပြိလည်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူဟာရိစတိုင်အတွက်တော့ ပထမဆုံးအကြိမ်ဖြစ်နေတာဘဲဖြစ်ပါတယ်။ TheVictoria'sSecretကတော့အဆိုပါကိစ္စကိုအတိအလင်းမကြေညာထားသော်လည်း ပွဲနီးလာသည်နှင့်တပြိုင်နက် အဆိုပါတောင်းဆိုမှုဟာ တကယ်ဖြစ်လာမယ်လို့လည်း ထင်နေရပါတယ်။

Source - People 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။