မြန်မာကိုအနိုင်ကစားမယ့်ခမာနည်းပြဆိုဗန်နရာ

မနက်ဖြန်ညနေခြောက်နာရီမှာမြန်မာနဲ့ခမာတို ့ဖနွမ်းပင်မှာ

ခြေစမ်းပွဲကစားတော့မှာပါ။ဘယ်လောက်ကောင်းတဲ့အသင်းဖြစ်ပါစေ

ဖနွမ်းပင်ကအိုလံပစ်ကွင်းကြီးထဲလာကစားရတိုင်းခက်ခဲလေ့ရှိပါတယ်။

ဟွန်ဒါ။ကာဂါ၀ါတို ့ရဲ့ဂ ျပန်အသင်းတောင်ခမာတွေကို ၂ဂိုးဂိုးမရှိနဲ့နိုင်အောင်

မနည်းကန်ခဲ့ရတာပါ။လက်ရွေးစင်အသင်းကန်တဲ့ပွဲတိုင်း

ကွင်းလုံးပြည့်လာအားပေးကြတဲ့ပရိသတ်တွေကြောင့်လည်း

ဖနွမ်းပင်မြေပေါ်ခြေခ ျလာတဲ့အသင်းတေါဟာအမြဲတစေ ဖိအားပေးခံရပါတယ်။

ခမာအသင်းဟာဗီယကနမ်ကိုဟနွိုင်းမှာ ၅ဂိုးပြတ်ရှုံးပြီး

ဗစ်တာရီနိုကိုထုတ်ပယ်လိုက်ပါတယ်။အခုနည်းပြကတော့

ပြည်တွင်းနည်းပြတစ်ဦးဖြစ်တဲ့ဆိုဗန်နရာပါ။ခမာလိဂ်

အသင်းတစ်သင်းဖြစ်တဲ့ဘွန်းခက်ခမာနည်းပြဟောင်းဆိုဗန်နရာဟာ

မြန်မာအသင်းကို သူ ့ရဲ့ပွဲဦးထွက်မှာ အနိုင်ယူလိုစိတ်ပြင်းထန်နေပါတယ်။

မနက်ဖြန်ပွဲနဲ့ပတ်သက်ပြိးမီဒီယာတွေကိုအခုလို

ပြောကြားခဲ့ပါတယ်။

မြန်မာဟာအာဆီယံမှာ အနိုင်ယူဖို့ခက်ခဲတဲ့အသင်းပါ။

ဒါပေမယ့်မနက်ဖြန်ပွဲမှာတော့မြန်မာကိုအနိုင်ကစားမယ်။

လူထုတ်ပုံတွေကစားကွက်တွေစမ်းသပ်နေမှာမဟုတ်ဘူးလို ့

သူကပြောပါတယ်။ဆိုဗန်နရာပြောပုံအရဆိုရင်

မနက်ဖြန်မှာ အတောင့်တင်းဆုံးခမာလူစာရင်းကို

တွေ့မြင်ကြရမှာပါ။ဆိုဗန်နရာဆက်ပြောတာက သူ ့ကစားသမား

တွေဟာ မြန်မာနဲ့ပွဲအတွက်သာမက ဂေ ျာ်ဒန်နဲ့ပွဲ

အတွက်ပါရယ်ဒီပါပဲတဲ့။

source-khmer news


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။