ဒီကလေးလေးကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ မွေးဖွားလာတာဖြစ်ပါတယ်။ သူ့ရဲ့ ရင်ကွဲစရာကောင်းတဲ့ အဖြစ်အပျက်ကတော့....

နိုင်ဝင်ဘာလ ၁၅ ရက် ၂၀၁၆ မှာ ကမ္ဘောဒီးယားနိုင်ငံမှာမွေးဖွားလာတာဖြစ်ပါတယ်။ Harlequin ichthyosis ဆိုတဲ့ အယောက် ၃သိန်းမှာ တစ်ယောက်သာဖြစ်နိုင်ချေရှိတဲ့ မွေးရာပါ အရေပြားရောဂါနှင့် မွေးဖွားလာတာဖြစ်ပါတယ်။ ထိုအရေပြားရောဂါဖြစ်ပြီ ဆိုရင် အရေပြားတွေဟာ တစ်ခုနှင့် တစ်ခု ကြားမှာ ကွဲကာ နီနေပြီးပုံထဲက အတိုင်းတွေ့ရမှာပါ။

အရေပြားတွေဟာ လှုပ်ရှားမှုတစ်ခုလုပ်တိုင်းကွဲလာတာကြောင့် မွေးကင်းစ ကလေးငယ်တွေ အတွက်တော့ အရမ်းကို ခတ်ခဲလှပါတယ်။ ထိုရောဂါရှိရင် အသက်ရှုရတာ ခတ်ခဲပြီးခြေထောက်တွေ လက်တွေလည်းကောင်းကောင်း မလှုပ်နိုင်ကြပါဘူး။ ထိုကွဲနေတဲ့ ကြားထဲကိုလည်း ရောဂါပိုးတွေ ဝင်နိုင်တာကြောင့် တကယ့်ကို အန္တရာယ်ရှိတဲ့ ရောဂါမျိုးပါ။

ကလေးငယ်တော်တော်များများမှာ မွေးပြီး နှစ်ပတ် အကြာလောက်မှာတင်သေဆုံးသွားတတ်ကျပါတယ်။ အရမ်းကို ရှားပါးတဲ့ ရောဂါမျိုးဖြစ်တဲ့အတွက် ကုသပျောက်ကင်းတဲ့ ဆေး မပေါ်သေးတဲ့အပြင်သေချာဂရုစိုက်ပြီး ဆေးကုသမှုတွေ နေ့စဉ်မပြတ်လုပ်နေရမှသာ အသက်ဆက်နိုင်မှာဖြစ်ပါတယ်။ ကုသရင်လည်း ငွေတော်တော်ကုန်မဲ့ ရောဂါဖြစ်ပါတယ်။ ဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားလာတဲ့ ကလေးငယ်ကို သေချာ စောင့်ရှောက်ဖို့ မတတ်နိုင်ကြတဲ့ အတွက်ကြောင့် သူ့မိဘတွေ ဟာ ပစ်သွာကြတော့မယ်လို့သိရပါတယ်။ ငယ်ငယ်ရွယ်ရွယ်လေးနှင့် ခံစားရတဲ့ ဝဋ်ဒုက္ခတွေကလည်း မနည်းပါလားကလေးရယ်....

Ref: ghr.nlm

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။