တရုတ်နိုုင်ငံပေကျင်းမြို ့ရှိမြို ့တော်ကားပါကင်(ယာဉ်ရပ်နားနေရာ) ပြဿနာကို အဖြေရှာရန် နိုဝင်ဘာ ၅ရက်တွင် နိုင်ငံပိုင် ကုမ္ပဏီ ၄ ခုမှ အတူတကွ ပူးပေါင်းပြီး ကုမ္ပဏီသစ်တစ်ခုကို စတင် တည်ထောင်လိုက်ကြောင်း သိရပါတယ်။အဆိုပါ ကုမ္ပဏီသစ်သည်ပေကျင်းမြို ့တော် ယာဉ်ကြောကြပ်တည်းမှု ဖြေရှင်းရေး ရင်းနှီးမြှုပ်နှံမှု နှင့် လုပ်ငန်းဆောင်ရွက်မှု ကုမ္ပဏီ ဖြစ်ပြီး မြို ့တော်အတွင်း ကားပါကင်နေရာပိုမိုရရှိစေရေးနှင့်ကားပါကင်နေရာသစ်တည်ဆောက်ရေး ရည်ရွယ်ချက်များဖြင့် ဖွဲ ့စည်းတည်ထောင်လိုက်ခြင်းဖြစ်ကြောင်း ပေကျင်းမြို ့တော် နိုင်ငံပိုင်လုပ်ငန်းများ စီမံခန် ့ခွဲမှု နှင့် ကြီးကြပ်မှု ကော်မရှင် ၏ပြောကြားထားပါတယ်။

ကုမ္ပဏီကလမ်းဘေးကားပါကင်နေရာတည်ဆောက်ခြင်းနဲ ့အဆင့်မြှင့်တင်ခြင်းတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ခရိုင်တိုင်းမှာကားပါကင်နေရာစီမံခန် ့ခွဲဖို ့ကိုယ်ပိုင်ကုမ္ပဏီတွေ တည်ထောင်နိုင်အောင် အားပေးသွားမယ်။ ပြီးတော့ အာဏာပိုင်တွေ တကယ့်ကားပါကင်ကြပ်တဲ့အချိန်မျိုးမှာ စာရင်းဇယားတွေ ( database) အချက်အလက်တွေရနိုင်အောင် ဆောင်ရွက်ပေးမယ်” ဟု ကုမ္ပဏီဥက္ကဋ္ဌ Qin Daoxin က ဆိုပါတယ်။

ပေကျင်းမြို ့တော် သယ်ယူပို ့ဆောင်ရေးမြူနီစပယ်ကော်မရှင်က ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပေကျင်းမြို့၌ လူစီးခရီးသည်တင်ယာဉ်များအတွက် အခြား ကားပါကင်ပေါင်း၁.၃ သန်းလိုအပ်ကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ပေကျင်းမြို ့၌ ကားပါကင်နေရာ မပြည့်စုံမှု ၊ တရားမဝင် နှင့် အစီအစဉ်မရှိ ကားထားနေမှု (သို ့မဟုတ်) အခွင့်မရှိကားပါကင်ရပ်နားမှုများကြောင့် ပြဿနာများ ကြုံတွေ ့နေရသည်။Beijing Capital Highway Development Group ကုမ္ပဏီ နှင့် Beijing Capital Development Holding (Group) ကုမ္ပဏီ တို ့အပါအဝင် နိုင်ငံပိုင်ကုမ္ပဏီ၄ ခု အတူတကွ စုပေါင်း၍ငွေကြေး၊နည်းပညာ နှင့် စီမံခန် ့ခွဲမှု ကို ပ့ံပိုးကူညီသွားရန် ကုမ္ပဏီသစ်တစ်ခုကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။