အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် နှင့်အတူယနေ ့နိုင်ဘာလ၈ ရက်နံနက်အစောပိုင်းတွင်တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအကြားရှိစစ်မဲ့ဇုန်(DMZ)သို ့သွားရောက်လည်ပတ်ရန်စီစဉ်ခဲ့သော်လည်း မြူနှင်းများထူထပ်စွာ ကျဆင်းပြီးရာသီဥတုအခြေအနေဆိုးရွားနေခြင်းကြောင့် ၄င်းခရီးစဉ်အား ပယ်ဖျက်လိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က ရဟတ်ယာဉ်ဖြင့် စတင်ထွက်ခွာခဲ့သော်လည်း ရာသီဥတုအနေခြေအနေဆိုးရွားနေသည့်အတွက်DMZဇုန်အနီးရှိစစ်အခြေစိုက်စခန်း၌ ရဟတ်ယာဉ်ဆင်းသက်ခဲ့ရကြောင် း တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်မှ အမည်မဖော်လိုသူအစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းဌာနကသတင်းဖော်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်။မွန်ဂျေအင်သည်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အားစောင့်ကြိုရန်အတွက်DMZဇုန်သို ့မော်တော်ယာဉ်ဖြင့် ဦးစွာသွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။ရာသီသီဥတုအခြေအနေကြောင့်၄င်းသည်စစ်မဲ့ဇုန်မှနံနက် ၉ နာရီဝန်းကျင်ခန် ့တွင် ထွက်ခွာခဲ့ရကြောင်း အမည်မဖော်လိုသူ အိမ်ပြာတော် အရာရှိတစ်ဦး၏ ပြောကြားချက်ကို အရသိရခြင်းလည်းဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်သည်လည်းရဟတ်ယာဉ်နှင့်သွားရောက်ရန်ဖြစ်သော်လည်း မြင်ကွင်းများ ရှင်းလင်းမှုမရှိသည့်အတွက်၄င်း၏MarineOneရဟတ်ယာဉ်မှာတောင်အရပ်သို ့ဦးတည်ချက် ပြောင်း မောင်းနှင်ခဲ့ရခြင်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံခေါင်းဆောင်သည် တောင်ကိုရီးယား လွှတ်တော်တွင် မိန် ့ခွန်းပြောကြားရန် စီစဉ်ထားသော်လည်း ၄င်းအစီအစဉ်အတွက် စောင့်ဆိုင်းခြင်း ရှိမရှိကို မသိရှိရကြောင်း ဒေသတွင်း မီဒီယာက ပြောကြားထားပါတယ် 

တောင်ကိုရီးယားနိုင်ငံသမ္မတ၏ အဆိုပြုချက်အရ ထရမ့် နှင့် မွန် ဂျေအင်တို ့နှစ်ဦးသည် စစ်မဲ့ဇုန်အတွင်းရှိ Panmunjomကျေးရွာသို ့သွားရောက်လည်ပတ်ရန်မူလက စီစဉ်ထားခြင်းဖြစ်ပါတယ်။အမေရိကန်သမ္မတသည် နိုဝင်ဘာ ရ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို ့ရောက်ရှိလာခဲ့ပြီး ယင်းမှာ ဂျပန် ၊ တရုတ် ၊ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံများသို ့သွားရောက်လည်ပတ်မည့်ဒေါ်နယ်ထရမ့်၏ အာရှခရီးစဉ် ဒုတိယမြောက် ခရီးတစ်ထောင့် ဝင်ရောက်သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။

Source - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။