အနုပညာအသိုင်းဝိုင်းကတော့ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးညီညွတ်တယ်လို့ ဆိုရမှာပါ။

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး သင်ဇာနွယ်ဝင်းဟာ နို၀င်ဘာလ(၇)ရက်နေ့က ပထမဆုံးရင်သွေးလေးကိုယ်ဝန်ကို မွေးဖွားလိုက်ပြီဖြစ်ပါတယ်။

သရုပ်ဆောင် သင်ဇာနွယ်ဝင်းတစ်ယောက် သားဦးလေးကို ၀ိတိုရိယ ဆေးရုံကြီးမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာနဲ့ပတ်သက်ပြီး သူမရဲ့လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမတွေက ၀ုိင်းဝန်းဂုဏ်ပြုခဲ့ကြပါတယ်။

အိမ်ထောင်ကျပြီးနောက် အနုပညာအလုပ်တွေမလုပ်တော့ဘူးဆိုတဲ့ သင်ဇာဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာလည်း ခင်ပွန်းရဲ့ ဂရုစိုက်ကြင်နာမှုတွေနဲ့အတူ ပျော်ရွှင်ခဲ့ရတာကြောင့် မိန်းကလေးပရိသတ်တွေတောင် အားကျနေရပါတယ်။

လက်တလောမှာတော့ မိခင်ဖြစ်သွားတဲ့ သင်ဇာက သူမရဲ့ သားလေးမွေးဖွားပြီးနောက်မှာ ကလေးဓာတ်ပုံလေးတွေနဲ့အတူ ဆေးရုံကအမှတ်တရပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ရက်မှာ မျှဝေခဲ့တာပါ။

အဆိုပါပုံလေးတွေအောက်မှာတော့ သူငယ်ချင်းဖြစ်သူ မင်းသမီးချော သွန်းဆက်အပါအဝင် နန်းမြတ်ဖြိုးသင်း ၊ ဇေရဲထက် ၊ မိုးယုစံ စတဲ့ အနုပညာရှင်တွေက ချီးကျုးဂုဏ်ပြုစကားတွေ အသီးသီးပြောခဲ့ကြပါတယ်။  

Source : thinzar Nwewin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။