ပဲရစ်ဂျက်ဆင်တစ်ယောက်ဟာMelbourneCupပွဲကိုလျို့ဝှက်ဆန်းကြယ်လှတဲ့အမျိုးသားတစ်ဦးအား နှင့်သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။ အသက်၁၉နှစ်သာရှိသေးတဲ့ ပဲရစ်ဂျက်ဆင်ဟာ King of Pop လို့တင်စားထားရတဲ့မိုက်ကယ်ဂျက်ဆင်ရဲ့သမီးလည်းဖြစ်ပါတယ်။

လှပကျော့ရှင်းစွာနဲ့တောက်ပနေတဲ့သူမဟာ အဝါရောင်ပန်းတစ်ပွင့်ကိုပါပန်ဆင်ထားသေးတာလည်းဖြစ်ပါတယ်။သူမအနီးမှထိုအမျိုးသားက သူမအား ကြင်နာစွာဖြင့်သူမအားတွဲလာရင်း သူမတို့ကိုစောင့်ဆိုင်းနေတဲ့ကားဆီသို့တွဲလျှောက်လာခြင်းဖြစ်ပါတယ်။သူမဟာ ယခုနှစ်အတွင်းမှာပင် ဒရမ်သမား မိုက်ကယ်စနိုဒီ နဲ့လမ်းခွဲခဲ့တာလည်းဖြစ်ပါတယ်။

ပဲရစ်ရဲ့နာမည်အပြည့်အစုံမှာ ပဲရစ်မိုက်ကယ်ကက်သရင်းဂျက်ဆင်ဖြစ်ပါတယ်။သူမဟာ မိုက်ကယ်ဂျက်ဆင်ရဲ့သားသမီးသုံးယောက်ထဲမှာ ဒုတိယမြောက်ဖြစ်ပြီး တစ်ဦးသောမိန်းကလေးလည်းဖြစ်ပါတယ်။ပဲရစ်ဟာ ပြီးခဲ့တဲ့ကာလများတုန်းက အစ်ကိုဖြစ်သူ ပရင့်စ်နဲ ့အတူ လော့အိန်ဂျလိစ်က ကော်ဇောနီလျှောက်ခင်းမှဓါတ်ပုံကို သူမရဲ့ Instragm မှာတင်ပြထားပါတယ်။

Source - people 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။