မြန်မာနိုင်ငံအနေဖြင့် အတုပြသာနာများစွာ တွေ့ကြုံနေရလျက်ရှိသည်။ ပိုက်ဆံအတုပြသာနာမှာလည်း အမြဲလိုလို ကြားတွေ့နေရသည်။ ဒါ့အပြင် စားသောက်ကုန်များကို အတုလုပ်သည်များလည်းရှိကြသည်။ယခုလည်း ထီလက်မှတ်အတုပြသာနာပေါ်ပေါက်လာသည်။
နိုဝင်ဘာ ၈ရက်နေ့တွင် ထီလက်မှတ်အတုဖြင့် သိန်း၅ထောင်လာထုတ်သည့် အမျိုးသမီးကို ဖမ်းပါရန် လာတိုင်ကြားမှုဖြစ်ခဲ့သည်။ အဆိုပါအမျိုးသမီးကို ရာဇသတ်ကြီးပုဒ်မ ၄၆၈ဖြင့် ကျောက်တ့တားမြို့နယ်တရားရုံးတွင် အမှုဖွင့်ခဲ့တာပါ။ ဖြစ်ပွားပုံမှာ နိုဝင်ဘာရရက်နေ့က အောင်ဘာလေထိရုံးသို့ ဒေါ်စောဝင်းဖြူ ရောက်ရှိလာသည်။ ထို့နောက် ထီလက်မှတ် အမှတ် ကခ ၂၀၁၁၈၃ ဖြင့် ကျပ်သိန်း၅ထောင်ဆု လာရောက်ထုတ်ခဲ့သည်။
ထီလက်မှတ်အား စစ်ဆေးကြည့်ရာ အတုဖြစ်နေကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် ဒေါ်စောဝင်းဖြူအား တရားစွဲဆိုပေးပါရန် အောင်ဘာလေသိန်းဆုဠာနခွဲမှ ဒုညွန်မှူး ဒေါ်အိအိခိုင်က တိုင်ကြးခဲ့ပါတယ်။ တရားခံ ဒေါ်စောဝင်းဖြူမှာ အသက်၆၁နှစ်ရှိပြီဖြစ်သည်။ ဒေါ်စောဝင်းဖြူအား အတုပြုလုပ်မှု ပုဒ်မ ၄၆၈ဖြင့် တရားစွဲထားပါတယ်။
Source – Myanmar Times
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။