အဆိုတော် Miley Cyrus မိုင်လေဆိုင်းရပ်စ် ဟာ အမေရိကန် နိုင်ငံ တက္ကဆက်ပြည်နယ်က ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပစ်ခတ်မှု ဖြစ်ပွားအပြီး အမေရိကန်နိုင်ငံ တွင်း လက်နက်ကိုင်ဆောင်မှု ကို ထိန်းချုပ်ရန် သူမ ရဲ့ Instagram အကောင့်မှ တစ်ဆင့် လှုံ့ဆော်ခဲ့ပါတယ်။ ထိုသို့ လှုံ့ဆော်မှု အပေါ် လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ခြင်း ကို ဆန့်ကျင်ကြသူများက Miley Cyrus ကို ဝေဖန်ခဲ့ကြပါတယ်။ ထိုသို့ဝေဖန်ပြောဆိုမှု ကို အဆိုတော် Miley Cyrus မိုင်လေဆိုင်းရပ်စ် က သူမ အနေနဲ့ မှန်ကန်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ လူပေါင်း ၂၆ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၀ ကျော်လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဆိုတော် Miey Cyrus က အဆိုပါပစ်ခတ်မှုဖြစ်ပွားအပြီး လက်နက်ကိုင်ဆောင်မှု ကို ထိန်းချုပ်ဖို့ သူမ ရဲ့ Instagram အကောင့်မှ တစ်ဆင့် လှုံ့ဆော်ခဲ့ပါတယ်။ သူမက “ဒီပစ်ခတ်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ကျွန်မ အနေနဲ့ ကြေကွဲဝမ်းနည်းရပါတယ်” လို့ပြောကြားခဲ့ပါတယ်။ အဆိုပါပစ်ခတ်မှုဟာ တကယ့်ကို စိတ်ပျက်ဖွယ်ကောင်းတယ်လို့ လည်းသူမ က ဆက်လက်ပြောကြားခဲ့ပါတယ်။

သူမ ရဲ့ အဆိုပါ လက်နက်ကိုင်ဆောင်မှု ကို ထိန်းချုပ်ရန် လှုံ့ဆော်ခဲ့တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး သူမ ရဲ့ ပရိသတ်တော်တော်များများ က အကောင်းမြင်တဲ့ မှတ်ချက်တွေကို ပေးခဲ့ကြပါတယ်။ သို့သော်လည်း တချို့သောသူများကတော့ ဒီပစ်ခတ်မှု ဟာ ပစ်ခတ်သူမှာသာ တာဝန်ရှိတယ်လို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါ မှတ်ချက်တွေကို အဆိုတော် Miley Cyrus မိုင်လေဆိုင်းရပ်စ် က ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။ သူမက လက်နက်ကိုင်ဆောင်မှု ကို ထိန်းချုပ်သင့်ကြောင်း အခိုင်အမာရပ်တည်ပြောကြားခဲ့ပါတယ်။

Source: International Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။