မာလကာသီး စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများနှင့် မာလကာသီးနှင့် ပတ်သက်တဲ့ အိမ်တွင်းကုထုံးနည်းလမ်းများကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

မာလကာသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ -

၁) သွေးတိုးရောဂါ ဆီးကြိတ်ကင်ဆာ ကာကွယ်ပေးပါတယ်။

၂) မီးယပ်သွေးဆင်းကြာရှည်ခြင်း နှာရည်ယိုခြင်းတို့ကိုသက်သာစေပါတယ်။

၃) အသက်ရှုလမ်းကြောင်းကို ပိုးမွှားကင်းစင်စေသဖြင့် အအေးမိချောင်းဆိုး ပျောက်ကင်းစေပါတယ်။

၄) အစာချေခြင်းကိုအားပေးပါတယ် ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး ဝိတ်ကျစေပါတယ်။

၅) သွားဖုံးယောင်ခြင်းသက်သာစေပါတယ် သွေးအချိုဓာတ်ကျစေသဖြင့်ဆီးချိုကျစေပါတယ်။

၆) ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေး နိုင်ပါသည်။

၇) အူထဲရှိ မကောင်းသော ဘက်တီးရီး ယားပိုးမွှားများကို သေစေနိုင်ခြင်း၊

၈) အလွန် သေးငယ်သော ရောဂါပိုးမွှားများ ကြီးထွား လာမှုကို တားမြစ်ပေးနိုင်ခြင်း၊

၉) ခန္ဓာကိုယ်အတွင်းပိုင်းရှိ အချွဲအကျိများကို ဖယ်ရှားသန့်စင် ပေးနိုင်ခြင်း

၁၀) အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဝေဒနာအမျိုးမျိုးတို့ကို သက်သာ ပျောက်ကင်းစေနိုင်ခြင်း

၁၁) သွေးထဲရှိ ကို လက်စထရောကိုချကာ သွေးခဲခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

၁၂) သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ခြင်း

၁၃) ခန္ဓာကိုယ်ခုခံအားစံနစ်ကို မြှင့်တင်ပေးခြင်း - တို့ပဲ ဖြစ်ပါတယ်။ 

မာလကာရွက်ထဲတွင် ဗီတာမင်အေ ပါရှိခြင်းကြောင့်လည်း ဆံသားရင်းမြစ်များ ကို သန်မာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ မာလကာရွက်ကို ချေပြီး ဆံသားကို လိမ်းပေးနိုင်ပါတယ်။

မာလကာရွက်နုများနှင့် အမှည့်မလွန် လတ်ဆတ်သော မာလကာသီးတို့ကို ရောပြုတ်၍ နေ့စဉ်ရေချိုးပေးခြင်း ဖြင့် သင့် အသားအရေပေါ်ရှိ အဆိ်ပ်အတောက်များ ကို ဖယ်ရှားပေးပြီး အသားအရေ စိုပြည်လှပလာပါလိမ့်မယ်။

အိပ်မပျော်၍ ခေါင်းမကြည်လင်ခြင်း နှင့် ခေါင်းမူး၊ ခေါင်းကို်က်ခြင်း ဝေဒနာများ အတွက် မာလာကာရွက်ကို ရေဆေးပြီး လက်ဖြင့်ပွတ်ချေကာ နမ်းရှိုက်ပေးရုံမျှဖြင့် ဝေဒနာများ ပျောက်ကင်းစေနိုင်ပါတယ်။

၀က်ရူးပြန်ဝေဒနာရှင်များအတွက် မာလကာရွက် ပြုတ်ရည်ဖြင့် ရေချိုးစေခြင်းဖြင့် သက်သာစေပါတယ်။

နှာစေး ချောင်းဆိုး၊ ပန်းနာရင်ကျပ်နှင့် အဆုတ်ရောဂါ ဝေဒနာရှင်များအတွက် မာလာကာရွက် ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် သက်သာလာစေနိုင်ပါတယ်။

သတင်းအရင်းအမြစ် - ကျန်းမာရေး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။