ထိုင်းနိုင်ငံမှာ ရှိတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတဦးဟာ ရင်သွေးလေးကို မွေးမွေးပြီးချင်း ကွန်ဒို တခုရဲ့ ဆယ့်ခုနှစ်ထပ် မြောက်ကနေ ပစ်ချခဲ့ပါတယ်။ ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေဒေသမှာ ဖြစ်ပွားခဲ့တာလို့လည်းသိရပါတယ်။

ကွန်ဒို ၏ ဝန်ထမ်း တဦးမှ ပြတင်းပေါက် ခန်းဆီး လဲလှည်နေစဉ် အပေါ်ထပ်မှ အထုတ်တထုတ် ပြုတ်ကျလာသည်ကို တွေ့ ခဲ့ရပြီး သွားရောက် ဖွင့်ကြည့် တဲ့အခါမှာ ပလတ်စတစ်နဲ့ထုတ်ထားတဲ့ မွေးကင်းစ ယောကျ်ားငယ်လေးကို တွေ့ရပြီး ကလေးမှာ ဇက်ကျိုးသေဆုံးနေတယ် လို့ စိတ်မကောင်းစွာ သိရှိရပါတယ်။

ဝန်ထမ်းမှ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာ ရဲများမှ မသင်္ကာဘွယ်ရာ အခန်းတွေကို လိုက်လံစစ်ဆေးရာ အထပ် ၁၇ ရှိ အခန်းတခန်းမှာ မီးဖွားပြီးကာစပုံစံ နောင့်ပိမ့်ဆိုသူ မိန်းကလေးတဦးကိုတွေ့ရပြီး သူမရဲ့ အဝတ်အစားနဲ့ ဖိနပ်မှာ သွေးစတွေ ပေကျံနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

သူမဟာ ကိုးရီးယားနိုင်ငံသား တယောက်နဲ့ ရည်ငံပြီး ကိုယ်ဝန်ရခဲ့ပေမယ့် ကိုယ်ဝန်ရင့်မာလာချိန်မှာ အမျိုးသားက ၎င်းမှာ မိန်းမနှင့် ကလေးရှိသည့် အတွက် သူမကို တာဝန်မယူနိုင်ကြောင်း ပြောဆိုခဲ့ပြီး သူမအနေဖြင့် လုပ်မိလုပ်ရာ လုပ်မိတယ်လို့လည်း ရဲတပ်ဖွဲ့ ကို ပြောကြားခဲ့ပါတယ်။ တွေ့ရှိချိန်မှာ သူမဟာ သွေးတွေ သွန်နေတဲ့ အတွက် ဆေးရုံကိုပို့ထားပြီး တမင်ကြံရွယ်လူသတ်မှု နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။