ကလေးယူဖို့ အဆင်သင့် မဖြစ်တဲ့အခါမှာ အိမ်ထောင်ရှင် အမျိုးသမီးများ၊ ချစ်သူရည်းစားနှင့် အတူနေသော အမျိုးသမီးများ အနေနဲ့ ကလေးမရစေဖို့ နည်းလမ်းမျိုးစုံဖြင့် တားလေ့ ရှိကြပါတယ်။ သန္ဓေတားတဲ့အခါ အကာအကွယ်ပစ္စည်းသုံး၍ လိင်ဆက်ဆံခြင်း၊ ဆေးသောက်ခြင်း၊ ထိုးဆေးထိုးခြင်း၊ လက်မောင်းထဲ တားဆေးထည့်ခြင်း၊ သားအိမ်ထဲ တားဆေးထည့်ခြင်း စသဖြင့် နည်းလမ်းမျိုးစုံနဲ့ တားတတ်ကြပါတယ်။

အများစုကတော့ ဆေးသောက်တဲ့နည်းနဲ့ ထိုးဆေးနည်းကို အသုံးပြုကြပါတယ် ။ အခုဖော်ပြမဲ့ အကြောင်းအရာကတော့ သန္ဓေတားဆေး သောက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ တားဆေးသောက်တဲ့ အမျိုးသမီး အများစုက ဒီဘေးထွက်ဆိုးကျိုးတွေကို သတိမမူဘဲ ရှိနေတတ်တာကြောင့် ကျန်းမာရေး ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ 

တားဆေး သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့.....

၁။ ခေါင်းကိုက်ခြင်း ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း

၂။ ကိုယ်လက် မအီမသာ ဖြစ်ကာ ပျို့ချင်၊အန်ချင် ဖြစ်ခြင်း

၃။ ရင်သားနာကြင်မှု ဖြစ်ခြင်း (သို့) ရင်သားဆိုဒ် ပြောင်းလဲ လာခြင်း

၄။ သွေးဆင်းခြင်း

၅။ ကိုယ်အလေးချိန် တက်လာခြင်း

၆။ မိန်းမကိုယ်အတွင်း အဖြူရောင်မှိုများ ဖြစ်နိုင်ခြင်း

၇။ စိတ်မကြည်မလင်ဖြစ်ခြင်း

၈။ အမြင်အာရုံ ချို့ယွင်းလာခြင်း

၉။ သွေးခဲများကျခြင်း(ဖြစ်ခဲပါတယ် ။ ဖြစ်လာသော် ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးပါ။)

၁၀။ လိင်မှုဘဝတွင် စိတ်မပါတော့ခြင်း

သန္ဓေတားဆေးကို ပုံမှန် ဆေးသောက်နေတဲ့သူ ဆိုရင်တော့ ဒီဆိုးကျိုးတွေကို ဂရုစိုက်သင့်ပါတယ်။ ကျန်းမာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ … ။

သတင်းအရင်းအမြစ် - ကျန်းမာရေးဆောင်းပါးများ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။