နာမည်ကျော်အဆိုတော် ရှာကီရာဟာဆိုရင် သူမရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ El Dorado World Tour အား စတင်မယ့်ရက်ကိုပြောင်းရွေ့လိုက်ကြောင်းကြေညာလိုက်ပါတယ်။သူမဟာ ရီဟာဇယ်လေ့ကျင့်နေတုန်းမှာ အသံကိုအားစိုက်သုံးလိုက်တဲ့အတွက် အသံအိုးမှာဒဏ်ဖြစ်သွားလို့ဘဲဖြစ်ပါတယ်။ 

ဂျာမနီနိုင်ငံ ကိုလိုဂျင်မှာရှိ Lanxess Arena မှာလာမယ့် ဗုဒ္ဓဟူးနေ့မှာ စတင်ကျင်းပမယ့် သူမရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ El Dorado World Tour ကိုရက်ရွေ့လိုက်တာဖြစ်ပါတယ်။ထို ကြေညာချက်ကိုသူမရဲ့ဝက်ဘ်ဆိုက် ကနေ ဘာသာစကားနှစ်မျိုးနဲ့ကြေညာထားတာဖြစ်ပါတယ်။သူမဟာရီဟာဇယ်မှာအသံကိုအားကုန်သုံမိတဲ့အတွက်ဒဏ်ဖြစ်သွားတာဖြစ်ပြီး အနားယူရမှာဖြစ်ပေမဲ့၁၀ရက်နေ့မှာလုပ်မယ့်ပဲရစ်ကပွဲအတွက်တော့ဆရာဝန်ကမီးစိမ်းပြရင်သူမပရိသတ်ဆီအရောက်လာမှာပါလို့ပြောကြားထားပါတယ်။ 

အဆိုပါ ကမ္ဘာလှည့်ဖျော်ဖြေပွဲ El Dorado World Tour သည်သူမရဲ့၁၁ခွေမြောက် တေးစီးရီး အယ်ဘမ် El Dorado ထွက်ရှိပြီးနောက် ပြုလုပ်တဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ လည်းဖြစ်ပါတယ်။ဂျာမနီမှာပြုလုပ်မယ့်ပွဲအတွက် ရက်ရွေ့ရခြင်းအပေါ် သူမက ဂျာမနီကပရိသတ်တွေကိုတကယ်ချစ်ပါတယ်ပြီးတော့ပထမဦးဆုံးပွဲအတွေ့အကြုံကိုလည်း အတူတကွမျှဝေခံစားချင်တယ်လိုကလည်းဆိုပါတယ်။သူမရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ El Dorado World Tour ဟာ နိုဝင်ဘာလ၁၀ရက်မှာစတင်မှာဖြစ်ပြီး နောက်နှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာအဆုံးသတ်မှာဖြစ်ကာ နိုင်ငံပေါင်း ၁၇နိုင်ငံမှာပွဲပေါင်း ၃၂ပွဲကို သီဆိုဖျော်ဖြေရမှာဖြစ်ပါတယ်။

Source -Eonline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။