ကလေးက ကလေးကို ပြန်ခိုးသတဲ့

မိဘတွေသတိထားဖို့

မန္တ​လေးမြို့ မဟာ​အောင်​​မြေမြို့နယ်​တွင်​ ၁၂နှစ်အရွယ် ပလပ်စတစ်ကောက်သူတစ်​ဦးက ၂နှစ်အရွယ် ​ယောက်​ျားလေး တစ်​ဦးကို အိတ်ထဲထည့်နေတာတွေ့လို့ ရတနာဘုမ္မိအနောက် ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရုံးမှာ ခေါ်စစ်နေ​ကြောင်​း သိရသည်​။

ကလေးက မန္တလေးကျောက်ဝိုင်းနားက ခေါ်လာတာဖြစ်​​ကြောင်​း စစ်​​ဆေးချက်​အရ ထပ်​မံသိရသည်​။

ပလပ်စတစ်ကောက်သူတစ်​ဦးက ၂နှစ်အရွယ် ​ယောက်​ျားလေး တစ်​ဦးကို အိတ်ထဲထည့်နေသတင်​း ​နောက်​ဆက်​တွဲ........

က​လေးမိဘများထံ က​လေးကို ပြန်​လည်​အပ်​နိုင်​ပြီဖြစ်​​ကြောင်​း သိရသည်​။

"က​လေးခိုးလာသူကို ကလေးသူငယ်ရဲတပ်ဖွဲ့နဲ့ လူမှုဝန်ထမ်းဦးစီးဌာနက အ​ရေးယူဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ ကလေးမိဘကိုလည်း နောက်တစ်ခါ က​လေးကို ဂရုမစိုက်ပစ်ထားလို့ ကလေးအခိုးခံရရင် ကလေးသူငယ်ဥပဒေအရ လှုမှုဝန်ထမ်းဌာနက အရေးယူခံရမည်​့ ခံဝန်ချက်လက်မှတ်ထိုးခိုင်းပြီး က​လေးပြန်ပေးလိုက်ပါတယ်" ဟု ရတနာဘုမ္မိအနောက်ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးသက်​ထွန်​းဦးက မန္တ​လေးသတင်​းဂျာနယ်​သို့ ​ပြောကြားသည်​။

Credit - မန္တလေးသတင်းဂျာနယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။