ရုရှားနိုင်ငံသည် စစ်လက်နက်များ နှင့် စစ်အသုံးအဆောင်ကိရိယာပစ္စည်းများ တင်ပို ့ရောင်းချခြင်းမှ တဆင့် ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဝင်ငွေအမေရိကန် ဒေါ်လာ ၁၅.၃ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က နိုဝင်ဘာ ရ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒီနှစ် ဇန်နဝါရီလ ကနေ စက်တင်ဘာလ အထိ ရလဒ်တွေပေါ်မှ အခြေခံပြီး စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှု ဟာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော် ရှိခဲ့ပါတယ်။

၂ဝ၁၇ ခုနှစ်အစီအစဉ် အောက်မှာတော့ စစ်လက်နက်တင်ပို ့ခြင်းကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ၁၅.၃ဘီလီယံရမှာပါ” ဟုရုရှားနိုင်ငံနှင့်ပြည်ပနိုင်ငံများစစ်ဘက်ဆိုင်ရာနည်းပညာပိုင်းပူးပေါင်းဆောင်ရွက်မှုကော်မရှင်၏ အစည်းအဝေးတွင် ပူတင်က ပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။သမ္မတပူတင်၏ပြောကြားချက်အရလွန်ခဲ့သော နှစ်များက ရုရှားနိုင်ငံ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများတွင် စီးပွားရေး နှင့် ငွေကြေးတည်ငြိမ်မှု ဖြစ်ပေါ်တိုးတက်ခဲ့ကြောင်းနှင့်၄င်းတို ့၏ နည်းပညာ နှင့် ထုတ်လုပ်မှုမှာတိုးမြင့်လာခဲ့ကြောင်း၊ယင်းမှာပို ့ကုန်မောင်းနှင်အားကို တွန်းအားပေးနိုင်ခဲ့ပြီး အရည်အသွေးပိုင်းကိုလည်း မြှင့်တင်နိုင်ခဲ့ကြောင်း ဆိုပါတယ်။ 

“ ဒါဟာ စစ်ဖက်ရော အရပ်ဖက်ပါ နှစ်ခုစလုံးမှာ အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ တီထွင်ထုတ်လုပ်မှုတွေပဲဖြစ်ပါတယ်။ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုကဏ္ဍဟာ သိပ်ကို အရေးကြီးတဲ့အကြောင်းထပ်မံပြောကြားလိုပါတယ်” ဟု ပူတင်ကပြောပါတယ်။ထို ့ပြင် သမ္မတပူတင်က “လက်နက်တင်ပို ့ရောင်းချမှုဟာ ဘယ်နိုင်ငံအတွက်မဆို သိပ်ကိုကြီးမားတဲ့တာဝန်ယူမှုတာဝန်ခံမှုရှိပါတယ်။သက်ဆိုင်သူအားလုံးဟာကမ္ဘာ ့လက်နက်စျေးကွက်မှာဒီအချက်ကို အထူးသတိပြုသင့်ပါတယ်” ဟု ပြောကြားခဲံပါတယ်။

Source -Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။