သတို့သမီး Rebecca Foster ဟာ သူမ နဲ့ သူမ ရဲ့ ခင်ပွန်း James နဲ့ အတူ မင်္ဂလာဆောင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။ သတို့သမီး Rebecca Foster ဟာ ပို့စ်တွေ၊ အိုက်တင်တွေ အမျိုးမျိုး ပေးနေခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာဘဲ သူမရဲ့သူငယ်ချင်း သတို့သမီးအရံ Sharilyn Marie Webster ဟာ မင်္ဂလာဆောင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် ရယ်ရွှင်ဖွယ် အပြုအမူတွေပြုလုပ်ခဲ့တာ ကြောင့် ဓာတ်ပုံရိုက်ကူးသူတွေ အံ့အားသင့်ခဲ့ရပါတယ်။

သတို့သမီး Rebecca Foster ဟာ သူမ ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာ မှာ “ကျွန်မတို့ ဇနီးမောင်နှံ အဖို့ ဒီ ဓာတ်ပုံတွေရိုက်ကူးဖို့ နှစ်နှစ်လောက် စောင့်ဆိုင်းခဲ့ရတာပါ။ သူငယ်ချင်း Sharilyn Marie Webster ရေနင့်ကိုတော့ ခွင့်မလွှတ်နိုင်တော့ဘူး” လို့ သူမရဲ့ သူငယ်ချင်းကို နောက်ပြောင်ရေးသားခဲ့ပါတယ်။ သတို့သမီး ရဲ့ ဖေ့ဘွတ်ခ် ပေါ်မှ ပရိသတ်တွေကတော့ အရမ်းကို သဘောကျနေကြပါတယ်။ အကောင်းဆုံး သတို့သမီး အရံ အဖြစ်မှတ်ချက်ပြုနေကြပါတယ်။

သူမ ရဲ့ ခင်ပွန်း James ကတော့ သူတို့နှစ်ယောက် မင်္ဂလာပွဲမှာ အခင်ဆုံးသူငယ်ချင်းတွေ ရဲ့ ပံ့ပိုးကူညီမှုကတော့ အံ့မခန်းပါပဲ လို့ မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ သူက “အခင်ဆုံးသူငယ်ချင်းတွေ က ကျွန်တော်တို့ မင်္ဂလာဆောင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်မှာ ရယ်ရွှင်ဖွယ် အပြုအမူတွေ ပြုလုပ်ခဲ့တာကြောင့် ကျွန်တော်တို့ တစ်တွေ ရယ်မောပျော်ရွှင်ခဲ့ရပါတယ်” လို့ပြန်ပြောပြခဲ့ပါတယ်။ သူတို့ မင်္ဂလာဆောင် အတွက် အမှတ်တရ တစ်ခုဖြစ်စေခဲ့ပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။