နိုဝင်ဘာ၈ရက်နေ့မနေ့ကမန္တလေးမြို့ကျုံးပတ်လမ်းတွင်လမ်းလျှောက်စာအုပ်ဈေးရောင်းပွဲတော်ကျင်းပခဲ့တယ်လို့သိရပါတယ်။မန္တလေးမြို့ ကျုံးအရှေ့ဘက်လမ်း ၆၆ လမ်း ၁၉ လမ်းနှင့် ၂၁ လမ်းကြား အမျိုးသားကဇာတ်ရုံရှေ့တွင် ငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ငြိမ်းချမ်းရေးမီးထွန်းပွဲနှင့် လမ်းလျှောက်စာအုပ်ဈေးရောင်းပွဲတော်ကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ ငြိမ်းချမ်းရေးမီးထွန်းပွဲနှင့် လမ်းလျှောက်စာအုပ်ဈေးရောင်းပွဲတော်ကိုမန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာကော်မတီက ဦးစီးကျင်းပနေတာဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်မှ ၁၀ ၇က်နေ့အထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။ငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်အခမ်းအနားတွင် ငြိမ်းချမ်းရေးချိုးငှက် မီးပုံး ၃၀၀ ထွန်းညှိမှာဖြစ်ပြီး စာအုပ်အရောင်းဆိုင်များခင်းကျင်းရောင်းချခြင်းနှင့်စာပေချစ်သူများကိုစာအုပ်များအခမဲ့စတုဒီသာပေးလှူသွားမှာဖြစ်တယ်လို့မန္တလေးတိုင်းဒေသကြီး၊အမျိုးသမီးရေးရာကော်မတီမှတာဝန်ရှိလူကြီးမင်းများကပြောပါတယ်။

အဲ့ဒီနောက်မှာတော့စတုဒီသာကျွေးမွေးခြင်း၊ စာချစ်သူများနှင့် စာရေးဆရာများ စာပေစကားဝိုင်းဖွဲ့ခြင်း၊ ကာတွန်းဆရာများက ကယ်ရီကေးချား ရေးဆွဲပေးခြင်း၊ ငြိမ်းချမ်းရေးကာတွန်းပြပွဲ ပြသခြင်း၊ တေးဂီတများဖြင့် တီးခတ်ဖျော်ဖြေဧည့်ခံခြင်းစတဲ့ အစီအစဉ်များစွာဖြင့် ကျင်းပသွားမည်လို့သိရှိရပါတယ်။

သတင်းအရင်းအမြစ် - ဇော်ဇော်/ဧရာဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။