အိန္ဒိယနိုင်ငံအနောက်ဘက်ဘန်ဂေါပြည်နယ်၊ဘန်ဂူရာခရိုင်မှာရိုက်ကူးခဲ့တဲ့လူတွေရဲ့ခြောက်လှန့်မီးရှို့ခြင်းခံနေရတဲ့ဆင်နှစ်ကောင်ရဲကဓါတ်ပုံဟာSancyuaryမဂ္ဂဇင်းကချီးမြင့်တဲ့သဘာဝတောရိုင်းတိရိစ္ဆာန်များအစီအစဉ်မှာ ပထမဆုရရှိသွားတာလည်းဖြစ်ပါတယ်။ဓါတ်ပုံဆရာ ဘီလပ် ဟက်ဇရာ ရိုက်ကူးခဲ့တဲ့အခုဓါတ်ပုံထဲမှာ လူအများ စိတ်အနှောက်အယှက် ဖြစ်စရာပုံရိပ်တွေပါ၀င်နေတာကိုလည်း ကြိုတင်အသိပေးထားပါတယ်။ 

အဆိုပါဓါတ်ပုူံထဲမှာတော့ လူတွေရဲ့ခြောက်လှန့်မှုကြောင့် ဆင်မကြီးကရှေ့ကနေပြေးလွှားနေရပြီး နောက်မှာဆင်ပေါက်ကလေးက မီးစွဲလောင်ပြီး မိခင်နောက်ကိုထပ်ချပ်မကွာပြေးလိုက်နေတာလည်းဖြစ်ပါတယ်။အနောက်ဘန်ဂေါဒေသမှာ မြို့ပြနေထိုင်မှုဦးရေ တိုးတက်လာတဲ့အတွက်ကြောင့် လူနဲ့တိရိစ္ဆာန်ကြားမှာအမြဲလိုလို ပဋိပက္ခဖြစ်ပွားလေ့ရှိတာလည်းဖြစ်ပါတယ်။ 

လူတွေကတောဆင်ရိုင်းတွေကိုခြောက်လှန့်မောင်းနှင်ရာမှာ ဗျောက်အိုး မီးရှုးမီးပန်း တွေကို အသုံးပြုလေ့ရှိပြီး အခန်ကမသင့်တဲ့အခါမှာ တောဆင်ရိုင်းတိရိစ္ဆာန်တွေမှာ မီးလောင်ကျွမ်းရတဲ့အထိ ဖြစ်နိုင်ပါတယ်။ဥယျာဉ်ခြံမြေ စိုက်ခင်းတေါကိုလည်းဖျက်စီးသလို လူတွေကိုလည်း ရန်မူပြီးအသက်အန္တရာယ်ပြုတဲပအထိ ဆိုးရွားသောင်းကျန်းလွန်းပါတယ်လိုကလည်းပြောပါတယ်။ယခု လို နေ့စဉ်လိုလို ဖြစ်ပျက်နေတာကိုဖော်ထုတ်ပေးတဲ့ ဓါတ်ပု့ဆရာကို Sancyuaryမဂ္ဂဇင်းက ပထမဆုချီးမြင့်ခဲ့တာလည်းဖြစ်ပါတယ်။

Source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။