၈.၁၁.၂၀၁၇ ရက်နေ့မှ ၁၄.၁၁. ၂၀၁၇ အထိ ဆရာစံဇာဏီဘိ်ု၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ လိုက်ဖက်သော နေ့နံများ ပါ၀င်တာကြောင့် အားလုံးပဲ ဒါလေးတွေကို သိရှိပြီး ကံကောင်းကြပါစေ

တနင်္ဂနွေနေ့ မွေးသူများ

အထူးမြင့်မာလာပြီး ဆောင်ရွက်မှုများ အောင်မြင်မယ်။ ကံပွင့်တဲ့ ကာလဖြစ်မယ်။ မထင်မှတ်ထားဘဲ ငွေဝင်မယ်။ မမျှော်လင့်ပဲ အောင်မြင်မယ်။ မိတ်ဆွေကောင်း အကူအညီရမယ်။ ယှဉ်ပြိုင်မှု အောင်မြင်မယ်။ ရန်အတိုက်အခံတွေ ထိပ်တိုက်တွေ့နိုင်တယ်။ အတတ်ပညာကောင်းများ လေ့လာဆည်းပူးခွင့်ရမယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ အင်္ဂါတွေ ကောင်းကျိုးပေးပြီးတော့ တနင်္လာနဲ့ အင်္ဂါသမားနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။

ကံကောင်းသော အရောင် - အပြာရောင်၊ ပန်းရောင်၊ အနီရောင်

အကျိုးပေးဂဏန်း - ၃၊၇၊ ၉

ယတြာ - ခွက်၊ မီးသီး အဟောင်းတွေ ရှာဖွေ စွန့်ပစ်ပါ။  

တနင်္လာနေ့မွေးသူများ

အတိုက်အခံများကို ကျော်လွန်၍ ငွေကြေးကိစ္စမှန်သမျှ ဆောင်ရွက် အဆင်ပြေမည်။ တွဲဘက် အလုပ်တွေ ကောင်းသလို အလုပ်တွေ အောင်မြင်မယ်။ နာမည်ကောင်းရခြင်းနှင့် တက်လမ်း အတွေ့အကြုံများ ကြံုမယ်။ တစ်ခါမှ မလုပ်ဖူးသေးတဲ့ အလုပ်ကိုလည်း လုပ်ရတတ်တယ်။ ယှဉ်ပြိုင်တဲ့ ကိစ္စတွေမှာ သာနေတာ တွေ့ရမယ်။ ဝေးကွာနေတဲ့သူတွေနဲ့ ပြန်တွေ့မယ်။ ရပ်ဝေးက ကောင်းသတင်း ကြားရနိုင်တယ်။ တနင်္လာ၊ သောကြာ၊ စနေနေ့ မွေးသူများ ကောင်းကျိုးပေးပြီး တနင်္ဂနွေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်တယ်။

ကံကောင်းသော အရောင် - အပြာရောင်၊ မီးခိုးရောင်၊ အစိမ်းရောင်

အကျိုးပေးဂဏန်း - ၄၊ ရ၊ ၉

ယတြာ - ဓါတ်ခဲအဟောင်းတွေ ရှာဖွေစွန့်ပစ်လိုက်ပါ။   

အင်္ဂါနေ့မွေးသူများ

ရပ်တန့်နေတဲ့ အလုပ်တွေ ပြန်လည် လုပ်ကိုင်နိုင်ပြီး အခက်အခဲအားလုံးကို ကျော်လွှား၍ လိုရာဆန္ဒ ပြည့်စုံနိုင်မယ်။ ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်ဆောင်တဲ့ အရာတွေ အောင်မြင်မယ်။ ကိုယ်ပိုင်အတွေးအခေါ်ကို လက်တွေ့အသုံးချနိုင်တယ်။ ချစ်သူ ခင်သူ ရင်းနှီးသူများနှင့် စကားများရတတ်တယ်။ လူမျိုးကွဲ အကျိုးပေးမယ်။ တစ်ပိုင်းတစ်ဆ ကိစ္စတွေ အပြီးသတ် ဆောင်ရွက်နိုင်တယ်။ ကျန်းမာရေးညံ့သူတွေ ကိစ္စကို လိုက်လံ ဖြေရှင်းရတတ်တယ်။ တနင်္ဂနွေ၊ သောကြာ၊ စနေနေ့ မွေးသူများ ကောင်းကျိုးပေးပြီး ကြာသာပတေး၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမယ်။

အကျိုးပေးဂဏန်း - ၂၊ ရ၊ ၉

ယတြာ - အဖြူရောင် ပန်းပွင့်ကိုလှူပြီး လိုရာဆန္ဒ ဆုတောင်းပါ။  

ဗုဒ္ဓဟူးနေ့မွေးသူများ

အရာရာ အဆင်ပြေ တိုးတက်မှုတွေဖြစ်ပေါ်မယ်။ ခရီးကိစ္စ၊ လုပ်ငန်းကိစ္စတွေ ထင်ရှားစွာ ဖြစ်ပေါ်မယ်။ ပုံမှန်ထက် ငွေပိုဝင်နေသော်လည်း ငွေ အဖတ်မတင်တဲ့ ကာလဖြစ်တယ်။ ရပ်ဝေးနဲ့ ပတ်သက်တဲ့ ကိစ္စ အဆင်ပြေမယ်။ လူမျိုးကွဲ အကျိုးပေးတယ်။ ခရီးကံကောင်းမယ်။ ရန် အနည်းငယ် အတိုက်အခံ ရှိတယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ စနေ မွေးသူများက လိုရာကူညီ ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ တနင်္လာနေ့ မွေးသူများ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းသော အရောင် - အစိမ်းရောင်၊ အပြာရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ရ၊ ၂၊ ၅

ယတြာ - အိမ်မှာရှိတဲ့ ပလပ်စတစ်အိတ်အဟောင်း၊ ခွက်အဟောင်းတွေ ရှာဖွေ စွန့်ပစ်လိုက်ပါ။  

ရာဟု မွေးသူများ

မထင်မှတ်ဘဲ ကံကောင်းမယ်။ မေတ္တာရေးလည်း ကံကောင်းမယ်။ စိတ်ကူးသစ်များ ကောင်းတယ်။ အရင်က ပဋိပက္ခဖြစ်ဖူးသူများနှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းသင်းရတတ်တယ်။ အရပ်ဝေးနှင့် ဆက်သွယ်လုပ်ကိုင်လျှင် အကျိုးပေးမယ်။ ကြွေးဟောင်းများ ပြန်လည် ရရှိတတ်တယ်။ အပြိုင်အဆိုင် များတတ်တယ်။ ကျန်းမာရေး ဂရုစိုက်သင့်တဲ့ ကာလ ဖြစ်တယ်။ တနင်္လာ၊ အင်္ဂါ၊ သောကြာနေ့ မွေးသူများ ကောင်းကျိုးပေးပြီး စနေ၊ ကြာသာပတေးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။

ယတြာ - အနီရောင်ပန်းပွင့် ဘုရားကပ်လှူပြီး လိုရာဆန္ဒ ပြုပါ။ 

ကြာသာပတေးနေ့ မွေးသူများ

အနှောင့်အယှက် အတိုက်အခံများနှင့် လွှမ်းမိုးနေမယ်။ မှန်းထားတာနဲ့ လက်တွေ့ စိတ်တိုင်းကျ ဖြစ်ဖို့ နည်းမယ်။ ကြားဝင် တာဝန်ယူတာ၊ အာမခံတာ မပြုလုပ်သင့်ဘူး။ တစ်ပါးသူ တိုင်ပင်တာမျိုး ရှောင်ပါ။ လျှို့ဝှက်နိုင်လေ ကောင်းလေဖြစ်မယ်။ တိုးတက်နိုင်ကိန်း ရှိပေမဲ့ အတိုက်အခံများ ရှိတယ်။ တနင်္ဂနွေ၊ သောကြာ၊ စနေနေ့မွေးသူတွေများက ကောင်းကျိုးပေးပြီး တနင်္လာ၊ ကြာသာပတေး မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းသော အရောင် - အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၅၊ ရ၊ ၉

ယတြာ - ရပ်ဝေးမှာ ရှိနေတဲ့ မိတ်ဆွေထံကို post card တစ်ခု ပို့ပေးပါ။  

သောကြာနေ့ မွေးသူများ

လာဘ်ပွင့်ခြင်း၊ ကံပွင့်ခြင်း များရှိမယ်။ ငွေရေးကြေးရေး ပုံမှန်ထက် ပိုကံကောင်းမယ်။ ချက်ခြင်းဆုံးဖြတ်တဲ့ အလုပ်တွေ အထူး ကံကောင်းမယ်။ တိုင်ပင်ပြီး ပေါင်းလုပ်တာထက် တစ်ဦးတည်း လုပ်ကိုင်လည်း ပိုပြီး အောင်မြင်နိုင်တယ်။ ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ လုပ်ငန်းတွေစတင်ဖို့ သင့်တော်မယ်။ အောင်မြင်အောင် လုပ်ကိုင်နိုင်မယ်။ မတော်တဆ ထိခိုက်မှု အန္တရာယ်ကို ဂရုစိုက်ရမယ်။ ပြသနာ အနည်းငယ် ဖြေရှင်းရတတ်တယ်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့ မွေးသူတွေက ကောင်းကျိုးပေးပြီး သောကြာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်တယ်။

ကံကောင်းသော အရောင် - အပြာရင့်ရောင်၊ မီးခိုးရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း - ၈၊ ရ၊ ၉

ယတြာ - ပိုက်ဆံအိတ်အမဲရောင်တစ်ခု ဆောင်ထားပါ။ 

စနေနေ့မွေးသူများ

ထူးခြားတဲ့ အပြောင်းအလဲ ဖြစ်ပေါ်မယ်။ ရည်ရွယ်ချက် ထားသလောက် အောင်မြင်မယ်။ အခက်အခဲအားလုံး ကျော်လွှားနိုင်မယ်။ ငွေကြေးကံကောင်းမယ်။ ကိုယ်ပိုင်အတွေးအခေါ် လုပ်ငန်းသစ် အောင်မြင်မယ်။ လူမျိုးကွဲနှင့် ပတ်သက်ပြီး အောင်မြင်မယ်။ ခရီးသွားကံ ပေါ်မယ်။ အလုပ် ၂ခု ပြိုင်ပေါ်ပါက ပိုခက်တဲ့ အလုပ်ကို ဦးစားပေးသင့်တယ်။ ခရီးသွားဖြစ်ရင် အရာရာ အဆင်ပြေမယ်။ စီးပွားရေး အသစ် အကောင်အထည်ဖော်နိုင်တယ်။ ငွေကုန်များနိုင်တယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသူတွေ ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမယ်။

ကံကောင်းသော အရောင် - အဝါရောင်၊ လိမ္မော်ရောင်၊ နို့နှစ်ရောင်

အကျိုးပေးဂဏန်း - ၁၊ ၄၊ ၉

ယတြာ - မျက်နှာသုတ်ပဝါ အသစ်တစ်ထည်တစ်ခု စတင် သုံးစွဲလိုက်ပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။